Chapter 14

1.5K 238 10
                                    

ထိုနေ့ည သူအိမ်ပြန်ရောက်ပြီးနောက် ရွှီထန်းချန်သည် မမျှော်လင့်ဘဲ အဖွားကနိုးနေသေးသည်ကို သတိပြုမိလိုက်၏။အိပ်ခန်းတံခါးက အနည်းငယ်ဟနေပြီး ကျဉ်းမြောင်းသည့်ထိုအဟလေးမှအလင်းရောင်က လင်းလက်နေခဲ့၏။

သူကတံခါးကိုတွန်းပြီး ဝင်လာလိုက်လျှင် သူမ၏ ဘေးတစောင်းမျက်နှာကို မြင်လိုက်ရလေသည်။နှာရိုးထပ်တွင် အဝေးမှုန်မျက်မှန်ကို တပ်ထားပြီး လက်တစ်ဖက်မှ ဟိုဟိုဒီဒီလှုပ်ရှားလျက် အထဲဝင်လိုက်၊အပြင်ထွက်လိုက်နှင့် ကွေ့ပတ်လှုပ်ရှား သွားလာနေလေသည်။သူမ၏ အရေတွန့်ကာ အသားမာတက်နေသည့် လက်မကို အလင်းရောင်အောက်တွင် တလက်လက်ဖြစ်နေသည့် အပ်ချုပ်လက်အိတ်ဖြင့် အုပ်ထား၏။

အဖွားကခေါင်းမော့ကာ သူဝင်လာသည်ကိုမြင်လျှင် မျက်မှန်၏ မှန်ဘီလူးမှတစ်ဆင့် တစ်ချက်ကြည့်ရင်းချက်ချင်းပြုံးလိုက်လေသည်။

"ပြန်လာပြီလား?"

"ဟုတ်"

ရွှီထန်းချန်သည်ငုံ့ထိုင်လိုက်ပြီး သူမသည် ပုံစံများစွာဖြင့် ချယ်လှယ်ထားပြီးဖြစ်သော အခြားအထည်တစ်ထည်အား ရောင်စုံချည်မျှင်ကို အသုံးပြု၍ ချုပ်နေသည်ကိုကြည့်ရှုနေခဲ့သည်။

အထည်၏ပုံသဏ္ဍာန်က အတော်လေးထူထဲလှပါ၏။ထိုအထည်၏ ဂရုတစိုက်ပုံဖော်ထားပုံကိုကြည့်ရှုရန် သူ၏ခေါင်းကိုစောင်းကာ မတူညီသောထောင့်သို့ လှည့်လိုက်၏။

၎င်းမှာမျက်လုံးစုံအောင် မပွင့်သေးသည် တရိစ္ဆာန်သေးသေးလေး တစ်ကောင်နှင့်ဆင်တူလှပေသည်။

"ဘာလုပ်နေတာလဲ?"

ရွှီထန်းချန်က ညင်သာစွာမေးလိုက်၏။

"ကျားခေါင်းဖိနပ်"

အဖွားက မနှေးလွန်းမမြန်လွန်းစွာပြန်ဖြေလာခဲ့၏။သူမက လက်ထဲမှအရာကို ဖြည်းညှင်းစွာ ဖြန့်ကာ သူ့အားပြလာ၏။

"ကြည့်ကောင်းလား?"

ရွှီထန်းချန်က ခေါင်းညိတ်လိုက်လေသည်။

သူ ၎င်းကိုအလေးအနက်ထား ကြည့်ရှုနေခြင်းကို သဘောကျနေပုံပေါ်သည့်အဖွားက သူ့ဘေးနားရှိ ပလတ်စတစ်အိတ်ထဲမှ ကျားခေါင်းပုံဖော်ထားပြီးဖြစ်သော နောက်ထပ်ဖိနပ်တစ်စုံကို ထုတ်ယူပြီး သူ့ဆီကမ်းပေးလာ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Onde histórias criam vida. Descubra agora