Chapter 6

2.2K 290 6
                                    

နှစ်ကူးကျောင်းပိတ်ရက်က သုံးရက်မျှသာရှိပြီး နှစ်ကုန်ရက်နဲ့လည်း တော်တော်လေး နီးနေသည်ပင်။ အိမ်ပြန်ရန်အတော်ဝေးသော ကျောင်းသားအများစုကမူ အားလပ်ရက်အတွက် ပြန်ဖို့ရယ် မရွေးချယ်နိုင် ကြပါပေ။အားလပ်ရက်မတိုင်မီ နှစ်ရက်အလိုတွင် ချန်းရွှီသည်စိတ်အားငယ်နေပုံရလေသည်။

ရွှီထန်းချန်က သူနှင့်စာကြည့်တိုက်သို့သွားသောအခါ သူကဖောင်တိန်တစ်ချောင်းကို ကိုင်လျက်သူ့ဘေးရှိဖုန်းကို တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်။ရွှီထန်းချန်က သူနှင့်မကြာဏစကားပြောသည့်အခါ သူကမျက်မှန်ကိုတွန်းထုတ်လိုက်ပြီး "ဟမ်?"ဟုပြန်ဖြေရန်ပင် အချိန်များစွာကြာနေတတ်၏။

"မင်းဘာလို့အခုတလောစိတ်အနှောင့်အယှက်ဖြစ်နေရတာလဲ?"

ရွှီထန်းချန်ကလေသံနိမ့်လေးဖြင့်မေးလိုက်၏။

"တစ်ခုခုဖြစ်ထားလို့လား?"

ချန်းရွှီ၏နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သော်လည်း ဘာသံမှထွက်မလာပေ။အဆုံးမှာတော့သူကခေါင်းခါလိုက်ပြီး

"ဘာမှမဟုတ်ဘူး"

ဤအရာမှာ သူပြောသည့်အရာဖြစ်သော်လည်း ရွှီထန်းချန်က ချန်းရွှီသည်သေချာသည့်အခြေနေမျိုးမရှိသည့်အခြေနေတွင် သင့်တော်လေမည့်ပုံသေနည်းတစ်ခုရေးနေသည်ကို သူ၏မျက်လုံးများနှင့်တပ်အပ် တွေ့လိုက်ရလေသည်။သာမန်ဆင့်ပြောင်းပုံသေနည်းတစ်ခု၊ မမျှော်လင့်စွာ a ၏တန်ဖိုးကို တွက်မိခဲ့ခြင်း။

ရွှီထန်းချန်က ၎င်းကိုခဏလောက်ခွဲခြမ်းစိတ်ဖြာပြီး နောက်တွင်တော့ မေးခွန်းကိုဖြေရှင်းရန်အတွက်
ဤအတွေးက တကယ်ကိုဆန်းကြယ်လွန်းသည်ဟုသာ ခံစားရ၏။

ဒါကဒီနှစ်ရဲ့ထိပ်တန်းကျောင်းသားမှာရှိတဲ့စွမ်းအားတွေများလား?

"ချန်းရွှီ"

သူကမျက်တောင်မခတ်ဘဲချန်းရွှီနာမည်ကိုအော်ခေါ်လိုက်၏။

ချန်းရွှီကခေါင်းကိုမော့လိုက်ပြီးသူ့ကိုကြည့်လာ၏။

"ဒီaက... ဒီမေးခွန်းမှာသတ်မှတ်ထားတဲ့တန်ဖိုးမရှိတဲ့ parameter တစ်ခုပဲ"

An Accident in Broad Daylight || ဘာသာပြန်《Completed》حيث تعيش القصص. اكتشف الآن