Chapter 60

1.3K 178 2
                                    


ထိုနေ့ပြီးနောက်တွင် ကမ္ဘာကြီးသည်ရုတ်တရက် တိတ်ဆိတ်သွားလေတော့သည်။ယခင်ကရွှီထန်းရှီသည် ရွှီထန်းချန်ကိုလျှို့ဝှက်စွာမကြာခဏဆက်သွယ်ခဲ့သေး၏။ယခုတွင်တွင် တကယ့်ကိုသူတို့နှစ်ယောက်တည်းသာတည်ရှိသော ကမ္ဘာကြီးတစ်ခုဖြစ်လာခဲ့တော့သည်။

ထိုကဲ့သို့တိတ်ဆိတ်မှုက အနည်းငယ်ကြောက်စရာကောင်းနေ၏။ရိကျယ်သည်လည်း စိတ်မသက်မသာ ခံစားနေရလေသည်။အစကတည်းက သူသည်ရွှီထန်းချန်နှင့်ထိုကိစ္စအားမကြာခဏပြောတတ်ပြီး သူအိမ်ပြန်ချင်လားဟုမေးတတ်လေသည်။ရွှီထန်းချန်ကအချိန်တိုင်းတိတ်ဆိတ်သွားကာ ခေါင်းခါပြီးပြန်ဖြေတတ်၏။

"ငါမပြန်နိုင်ဘူး"

ထိုလိပ်ခဲတည်းလည်းအခြေအနေမှာ သူ့ဦးလေးဖုန်းဆက်သည့်နေ့အထိရှည်ကြာခဲ့လေသည်။ရွှီထန်းချန်သည်ယောက်ျားတစ်ယောက်နှင့်ချိန်းတွေ့နေမှန်း ဦးလေးကမသိခဲ့ဘဲ အိမ်မပြန်နိုင်ရလောက်အောက်ပင် မည်မျှအလုပ်များနေရသလဲဟု အနည်းငယ်ဝေဖန်သောလေသံဖြင့် မေးလာ၏။ရွှီထန်းချန်ကဘာမှပြန်မပြောနိုင်ခဲ့။ဦးလေးဖြစ်သူက ဆက်ပြောလာ၏။

"ထန်းရှီကအရမ်းဖျားနေပေမယ့် မင်းရဲ့အရိပ်ကိုတောင်ငါမမြင်ခဲ့ရဘူး မင်းအလုပ်များနေတယ်လို့ မင်းအမေကပြောတယ် အလုပ်သစ်ကခွင့်ရက်တစ်ရက်လေးတောင်မရနိုင်ဘူးလား?"

ထိုစကားတစ်ခွန်းက ရွှီထန်းချန်၏နှလုံးသားကိုအကြိမ်အနည်းငယ်မျှနစ်မြုပ်သွားစေ၏။သူသည် လူရှုပ်သောစူပါမားကတ်တစ်ခုသို့ ရောက်နေခြင်း။ရိကျယ်ကဈေးတွန်းလှည်းကိုတွန်းနေရာမှ ရပ်လိုက်ပြီးသူ့ကိုလှည့်ကြည့်လာတော့သည်။

"ထန်းရှီ....."

ရွှီထန်းချန်ကရေရွတ်လိုက်မိ၏။သူထပ်မပြောတော့။

"အစကတော့ငါမင်းကိုဖုန်းဆက်ဖို့ အစီအစဉ်မရှိဘူး အခုမင်းတို့အားလုံးကအရွယ်ရောက်ပြီး အလုပ်ရှုပ်နေကြမှန်းငါသိပါတယ် ဒါပေမဲ့မင်းမိဘတွေအရမ်းနာကျင်နေတာမြင်ရတော့ ငါမေးချင်လာလို့"

သူ့ဦးလေး၏လေသံကပို၍ ပြင်းထန်လာ၏။

"ထန်းချန် ယောက်ျားတစ်ယောက်အနေနဲ့ဘယ်လောက်ပဲအလုပ်များနေပါစေ မိသားစုကိုတော့ပစ်ထားလို့မရဘူး ထန်းရှီရဲ့ကျန်းမာရေးကအားနည်းနေပြီး မင်းမိဘတွေကလည်းအသက်ကြီးနေကြပြီ မင်းသူတို့ကိုပိုဂရုစိုက်ပြီးသူတို့အတွက်ပိုတွေးပေးသင့်တယ်"

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now