Chapter 21(Z)

692 36 0
                                    

Volume 2 : မင်းကို ဖွင့်ပြောခြင်း။

———————————————————-

လေအေးပေးစက်သည် အမြင့်ဆုံးအဆင့်ဖြင့် လည်ပတ်နေလေသည်။ကားပြတင်းပေါက်များပေါ်တွင် ဆက်လက်တည်ရှိနေသည့် အပူဒဏ်နှင့် ဆန့်ကျင်စွာ ကားအတွင်းပိုင်းရှိ အပူချိန်သည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။နွေရာသီကုန်ခါနီးတွင် ရာသီဥတုမှာသိသိသာသာပြောင်းသွားတတ်သော်လည်း အပူချိန်ကတော့ ပျောက်ကွယ်မသွားသည့်အပြင် ယခင်ထက်ပင် ပိုမိုပြင်းထန်လာခဲ့၏။

ရွှီထန်းချန်သည် အချိန်ကိုကြည့်ကာ တစ်ဖက်လူ မကြာမီ၌ ဆင်းလာတော့မည်ဟု ခန့်မှန်းမိလေသည်။သူက လက်ကိုဆန့်ထုတ်လိုက်ရင်း လေအေးပေးစက်ကို အဆင့်တစ်ဆင့် လျှော့ချလိုက်၏။

သူက ခလုတ်ကိုချိန်ညှိလိုက်ချိန်တွင် စင်္ကြံတံခါးကပွင့်လာခဲ့လေသည်။အလင်းတန်းများက ဖြတ်သွားကာ အရပ်ရှည်သောပုံရိပ်တစ်ခုအား အရိပ်ထင်သွားစေခဲ့၏။

"မင်း ကျောင်းလွယ်အိတ်ကို နောက်ခန်းမှာ ထားလိုက်"

အခြားကျောင်းသားသစ်များနှင့်မတူစွာ ရိကျယ်၌ ခရီးဆောင်အိတ်ကြီး အိတ်ငယ်များစွာ မပါရှိဘဲ ရွှီထန်းချန် သူ့အတွက်ဝယ်ပေးထားသည့် ကျောပိုးအိတ်ကိုသာ ယူဆောင်လာခဲ့ခြင်း။သူ့အသွင်အပြင်တစ်ခုလုံးက ရိုးရှင်းလွန်းနေပြီး ကျောင်းစတက်မည့် လူတစ်ယောက်နှင့် လုံးဝကိုတူမနေခဲ့ချေ။ 

ရွှီထန်းချန်က ခဏမျှစဉ်းစားလိုက်ပြီးနောက် အဆင်ပြေသည်ဟုသာ တွေးလိုက်မိ၏။တက္ကသိုလ်သို့ရောက်လျှင် လိုအပ်တာမှန်သမျှ ဝယ်ယူ၍ရသည်ပင်။

ကားက လမ်းမကြီးပေါ်သို့ အရှိန်ဖြင့်မောင်းနှင်လာခဲ့၏။ခရီးသွားရင်း ရိကျယ်ပျင်းနေမည်ကိုစိုးရိမ်သောကြောင့် ရွှီထန်းချန်က ရေဒီယိုကို ဖွင့်လိုက်၏။

"အဲဒီမှာ CDတွေထည့်ထားတယ် နားထောင်ချင်တာတစ်ခုကိုရွေးလိုက်လို့ရတယ်"

ရိကျယ်က သူ့ညွှန်ကြားချက်များကို လိုက်နာပြီး CD ထည့်ထားသည့်နေရာကို တွေ့သွားသော်လည်း အထဲ၌CD အစုလိုက်ကို တွေ့လိုက်ရချိန်တွင်တော့ မည်သို့စတင်ရမှန်းမသိတော့။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now