chapter 3

2.9K 340 8
                                    

ရိကျယ်တွင် မတော်သည့်အရာများစွာရှိပြီး ၎င်းတို့အနက်မှ အဆိုးဆုံးတစ်ခုမှာ အခြားသောလူများနှင့် စကား​​ပြောဆိုရခြင်းပင်။

ကားထဲတွင် အလွန်တိတ်ဆိတ်ငြိမ်သက်​နေလေသည်။အလွန်တိတ်ဆိတ်လွန်းသဖြင့် ပခုံးပေါ်ရှိဒဏ်ရာမှ ဖြည်းဖြည်းချင်းထွက်​ပေါ်လာသည့် နာကျင်ကိုက်ခဲမှုများကို သူရှင်းရှင်းလင်းလင်းခံစားမိ​နေပြီး ၎င်းတို့က သူ့နှလုံးသားဆီသို့​ကွေ့​ကောက်ကာဖြင့် သွား​နေခဲ့၏။

"ရိကျယ်"

အချိန်ကြာမြင့်သွားသည့်တိုင်​အောင် ပြန်လည်​ဖြေကြားခြင်းမရှိသည့်အတွက် ရွှီထန်းချန်ကသူ့နာမည်ကို ​နောက်တစ်ကြိမ်ညင်သာစွာ​ခေါ်လိုက်လေသည်။ရိကျယ်ကခေါင်းကို​မော့လိုက်ပြီး ရွှီထန်းချန်နှင့်အကြည့်ချင်းဆုံလိုက်၏။

အနည်းငယ်​ဝေးကွာလှပြီဖြစ်သော သူ၏စာမျက်နှာများထဲ၌ ရွှီထန်းချန်သည် ယခုကဲ့သို့ပင် အမြဲစိတ်ရှည်သီးခံခဲ့လေသည်။

သူက သူ့နာမည်ကိုခေါ်​နေသည်မှာ အကြိမ်အနည်းငယ်ရှိ​နေပြီဖြစ်လေသည်။ထို့နောက် ညင်သာစွာပြောလာ၏ .....

"တစ်ခုခု​ပြောလေ"

ကားထဲတွင် မီးများဖွင့်ထားခြင်းမရှိ​ခဲ့​ပေ။သူတို့နှစ်​ယောက်ကြားရှိ တစ်ခုတည်း​သော အလင်း​ရောင်သည်​ လေကာမှန်မှ တစ်ဆင့်​တောက်ပ​နေ​သော အလင်း​သာ။အလွန်​မှေးမှိန်ကာ အလွန်သိုဝှက်နေသော်လည်း ရိကျယ်က​တော့ ထိုကဲ့သို့အလင်းရောင်မျိုးအောက်၌ ရွှီထန်းချန်၏မျက်နှာကအတော်လေး ကြည်လင်နေသည်ဟုခံစားရ၏။

သူ့လက်​များကို ခြေထောက်ပေါ်တင်ထားရင်း သတိမထားမိဘဲ သူ၏လက်ချောင်းများသည် ရန်ပွဲအတွင်းထိခိုက်မိကာ ကွဲသွားသောအပေါက်တစ်ပေါက်ကို ထိလိုက်မိလေသည်။အဝတ်၏အစွန်ပိုင်းသည် ထိ​တွေ့ရနူးညံ့​နေပြီး လက်​ချောင်းထိပ်ရှိအ​ရေပြား​လေးများကို ကျီစယ်​နေ​လေသည်။

"ဟုတ်"

ရွှီထန်းချန်၏ အမှန်တစ်ကယ်ပင် အလွန်ရှုပ်​ထွေးလှသည့်မေးခွန်းကို ရိကျယ်က​တော့ ရိုးရှင်း​သောစကားလုံး​လေးဖြင့်သာ ပြန်​ဖြေ​ခဲ့၏။ညင်သာလွယ်ကူစွာဖြင့် သူတို့၏စကားဝိုင်းကို အပြည့်အဝအဆုံးသတ်ပစ်လိုက်​လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Tempat cerita menjadi hidup. Temukan sekarang