Chapter 58

1K 183 15
                                    

သားအဖနှစ်ယောက် မျက်လုံးချင်းစုံလိုက်ကြကာ အကြည့်များလေထဲ၌ပင်။ရှင်းရှင်းလင်းလင်းပြောရလျှင် ရွှီယွဲ့လျန်၏မျက်လုံးများကသာတည်ငြိမ်နေလေသည်။သူကမေးလာ၏။

"မင်းတို့အလုပ်က ပေကျင်းမှာပဲရှိတာလား?"

ရွှီထန်းချန်သည် ထို"စကားပြောဆိုခြင်း" ဟူသည်ကို နောက်ဆုံးတွင်နားလည်သဘောပေါက်ခဲ့ရလေသည်။သူ့နှလုံးသားက သွေးရူးသွေးတန်းခုန်ပေါက်နေ၏။အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင်သူသည် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းနိုင်ခဲ့ပြီး ပြောလိုက်၏။

"ဟုတ်တယ် ကုမ္ပဏီကမကြီးဘူး အရာအားလုံးက ပေကျင်းမှာပဲရှိတာ"

"သူတို့မှာစန်းယာကို ခရီးထွက်ဖို့လိုအပ်တဲ့ပရောဂျက်မျိုး မရှိဘူးလား?

ရွှီထန်းချန်က ခေါင်းခါလိုက်လေသည်။

"မရှိဘူး"

ထမင်းစားပွဲရှိ စိတ်အခြေအနေများသည်ရုတ်တရက် ပြင်းထန်လာတော့သည်။ရွှီထန်းရှီပင်လျှင် အစားအသောက်များ မစားဝံ့တော့ပေ။သူမ၏မိဘများကိုစိတ်ရှုပ်ထွေးစွာစိုက်ကြည့်ရင်း ပန်းကန်ထဲရှိ ကြက်တောင်ပံကိုထိပင်မထိတော့။

"ဒါပေမဲ့..."

ရွှီထန်းရှီသည် သူမမိဘများဘာကိုရည်ရွယ်နေမှန်းသိသော်လည်း ရွှီထန်းချန်ကိုကူညီမပြောဆိုပေးပဲ မနေနိုင်တော့။

"ဒါပေမဲ့ဆွေမျိုးတွေကဒီမှာရှိနေလို့ သမီးတို့ဘယ်မှမသွားဘူးလို့ မေမေတို့အရင်ကပြောခဲ့ကြတာမဟုတ်ဖူးလား?"

တကယ်တော့ရွှီထန်းချန် အထက်တန်းကျောင်းပြီးသွားသည့်အခါ တောင်ဘက်ပြောင်းရန်စဉ်းစားပြီး သူ့မိဘများနှင့် ဆွေးနွေးခဲ့လေသည်။လေကောင်းလေသန့်နှင့်ရာသီဥတုကောင်းရှိသည့် မြို့ငယ်လေးတစ်ခုကို သူတို့ရှာဖွေသင့်ကာ ၎င်းသည်ရွှီထန်းရှီအတွက်လည်းပိုသင့်တော်ပေသည်။သို့သော်ထိုအချိန်တုန်းက သူတို့အားလုံးကအိမ်ရှိပတ်ဝန်းကျင်ကတော်တော်ကောင်းသည်ဟုထင်ကြပြီး ကျိုးဟူကလည်း ဒီနေရာ၌သူတို့ဆွေမျိုးများအများကြီးရှိသည်ဟု ပြောခဲ့ဖူး၏။သူစိမ်းများနှင့်ပြည့်နှက်နေသည့် မရင်းနှီးသည့်နေရာကိုမသွားချင်ကြောင်းနှင့် ၎င်းသည်ငြီးငွေ့ဖွယ်ကောင်းသည်ဟု ပြောခဲ့၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now