Chapter 57

1K 172 0
                                    

ရွှီထန်းချန်၏ဇွဲလုံ့လသည် နောက်ဆုံးတွင် အလုပ်ဖြစ်ကောင်းဖြစ်နိုင်ခဲ့လေသည်။ကျိုးဟူသည် အမှန်တကယ်ပင် သူနှင့်တူညီသောအမြင်ရှိနေခဲ့၏။

နှစ်သစ်ကူးခါနီးတွင် ရွှီထန်းချန်သည်ထန်းရှီထံမှ ဖုန်းလက်ခံရရှိခဲ့လေသည်။မနက်စာစားချိန်၌ ရွှီယွဲ့လျန်က အားလပ်ရက်များတွင်အစ်ကိုကိုအိမ်ပြန်လာခဲ့ပါရန်ပြောသည်ဟု သူမကဆို၏။မိသားစုလိုက် အတူထိုင်ပြီး ကောင်းကောင်းစကားပြောကြပေလိမ့်မည်။

အချိန်သည် ရွှီထန်းချန်မျှော်မှန်းထားသည်ထက် ပိုမြန်နေခဲ့၏။အံ့အားသင့်ရုံအပြင် သူကစိတ်ပူနေလေသည်။

"မေမေ ဘာပြောလဲ?"

"အဲဒီတုန်းက မေမေကဘာမှမပြောသေးဘူး သူတို့ ကြိုပြီးဆွေးနွေးထားတာ ထင်တယ်"

ရွှီထန်းရှီ၏အသံတွင် ပျော်ရွှင်မှုများကဖုံးဖိမရပေ။

"ညီမပြောသလိုပဲ အစ်ကို့ကိုလွမ်းတယ် သူတို့လည်း အစကို့ကို လွမ်းနေမှာပဲ ငါတို့မိသားစုက ဒီကိစ္စကြောင့်နဲ့ ဘယ်လိုများကွဲကွာသွားနိုင်မှာလဲ?"

ဖုန်းခေါ်ဆိုမှု၏တစ်ဖက်တွင်ရွှီထန်းချန်သည် သူ့မိဘများ၏အဓိပ္ပါယ်ကိုတွေးတောရင်း အကြောင်းမပြန်ဘဲ မျက်မှောင်ကြုတ်နေမိ၏။

"ကော?"

ရွှီထန်းရှီက တုံ့ပြန်မှုမရသဖြင့်သူ့ကိုလှမ်းခေါ်လာလေသည်။

"ဟမ်?"

"ပြန်လာရင် မေမေနဲ့ ဖေဖေ့ကိုကောင်းကောင်းစကားပြောလိုက်ပါ အထူးသဖြင့်မေမေပေါ့ သူကအရမ်းစိတ်ပျော့တယ်"

ရွှီထန်းချန်က ရယ်မောလိုက်လေသည်။

"ငါသိတယ် ငါကောင်းကောင်းပြောလိုက်ပါ့မယ်"

သို့သော်ရွှီထန်းချန်သည် ရွှီထန်းရှီလောက်အကောင်းမြင်သူမဟုတ်ပေ။ဖုန်းချပြီးနောက်တွင် ရွှီယွဲ့လျန်နှင့်ကျိုးဟူတို့က သူ့အားအိမ်ပြန်ခိုင်းခြင်းမှာ အခြေအနေပြောင်းလဲမှုကြောင့်လား သို့မဟုတ် နောက်ဆုံးတွင်သူ့ကိုနောက်တစ်ကြိမ် အဆုံးစွန်ထိဖိအားပေးတော့မည်လားဟု တွေးတောနေဆဲ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Onde histórias criam vida. Descubra agora