Chapter 32

1.3K 197 0
                                    

ရွှီထန်းချန်၏မျက်လုံးများထဲတွင် ရိကျယ်က သူ၏ ယခင်အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်သွားခဲ့လေသည်။သူက ရွှီထန်းချန်အား မကြာခဏဆိုသလို လိုက်ရှာနေခြင်းမရှိတော့ဘဲ နှစ်ဦးသား ရံဖန်ရံခါတွေ့ဆုံသည့်အချိန်တွင်လည်း မှန်ကန်သော စကားလုံးများကို ပြောဆိုကာ မှန်ကန်သော စိုးရိမ်မှုကိုသာ ပြသလာခဲ့တော့သည်။

တခါတရံ ရွှီထန်းချန်ထွက်လာသောအခါ ဆန့်ကျင်ဘက်တံခါးက ကျယ်ကျယ်ဖွင့်ထားသည်ကို တွေ့ရတတ်ပြီး ရိကျယ်က နေရာတိုင်း၌ သူ့သော့ကို ရှာနေပြန်လေသည်။သူကသွားကာ ထိုကောင်လေးအား အနည်းငယ်မျှစနောက်လိုလျှင် ရိကျယ်ကရှက်ရွံ့စွာပြုံး၍ သူဘာမှမလုပ်နိုင်ကြောင်းနှင့် သူ့အကျင့်ဆိုးများက ပြင်မရတော့ကြောင်း ပြောတတ်၏။

အရာရာက ယခင်ကလိုသာ။အားလပ်ရက်မတိုင်မီက ရှုပ်ထွေးမှုများနှင့်အားကိုးရာမဲ့မှုများ၊ အကျပ်ရိုက်ခြင်း၌ ပိတ်မိနေခြင်းများက သူလုံးဝမနိုးထသေးချိန်က ဖြစ်ပျက်ခဲ့သည့် ရီဝေဝေအိပ်မက်တစ်ခုထက် ပိုမနေဟူသော မရှင်းမလင်းမှင်တက်မိစေသည့်ခံစားချက်အား ပေးစွမ်းနေခဲ့လေသည်။

သို့သော် ညဉ့်နက်ချိန်တိုင်း အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက်လန့်နိုးလာပြီး
သူ့စိတ်ကဝေဝါးကာ ရှုတ်ထွေးနေချိန်တိုင်း၌ ထိုမျက်လုံးတစ်စုံကို ပြန်မြင်ယောင်တတ်လေသည်—ထိုကဲ့သို ရင်သတ်ရှုမောဖွယ် တွေဝေနေသည့်အကြည့်များက ရှိနေဆဲဖြစ်ကာ ကျယ်လောင်သည့် စီစီညံညံအသံများကြားမှ တောက်ပနေသည့် အလင်းရောင်ကိုဖြတ်၍ သူ့ကိုသာ စိုက်ကြည့်နေခဲ့ပါ၏။

ထိုမျက်လုံးတစ်စုံ၏ပိုင်ရှင်သည် ရှင်းရှင်းလင်းလင်း မည်သည်ကိုမှ ထုတ်ဖော်မပြထားသော်လည်း ရွှီထန်းချန်၏စိတ်ထဲတွင်တော့ ၎င်းကတိတ်တဆိတ် အပြစ်တင်သံများသာ။

ဤအခိုက်အတန့်ထိ ရောက်ရှိနေသော မြင်ကွင်းကိုကြည့်မိချိန်တိုင်း ထိုညက ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များက သူ့စိတ်ထဲတွင်
ဆက်လက်၍ ပေါ်ထွက်လာနေခြင်းအား ခွင့်မပြုနိုင်တော့။ရိကျယ်၏ တောင်းပန်မှု၊ထွက်ခွါသွားမှုနှင့် ဆီးနှင်းများထူထပ်စွာ ကျဆင်းလာကာ အရည်ပျော်သွားခြင်း၊ ၎င်းတို့အားလုံးသည် သူပြန်မမှတ်မိချင်သည့် မှတ်ဉာဏ်များ ဖြစ်လာခဲ့တော့သည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now