Chapter 47

1K 180 4
                                    

ထိုည သူတို့ပြန်လာသည့်အခြေအနေမှာကြေကွဲစရာကောင်းနေ၏—ချန်းရွှီမှာ လမ်းတစ်လျောက်လုံးအော့အန်လာခဲ့လေသည်။

ကလပ်မှထွက်လာပြီးသောအခါ ကျန်းရိခွန်းကချန်းရွှီကို အနီးနားရှိဟိုတယ်တစ်ခုသို့ခေါ်သွားပေးချင်ခဲ့သော်လည်း ရွှီထန်းချန်ကခွင့်မပြုဘဲ ချန်းရွှီကိုသူနှင့်သာ ခေါ်သွားချင်ခဲ့လေသည်။

တစ်ဖက်မှာတော့ ချန်းရွှီသည် သူတို့ဆွေးနွေးနေသည်ကို နားလည်နေပုံရပြီး အဆောင်ကိုပြန်ချင်ကြောင်း စတင်ကာကြေးများလာတော့သည်။သူကပြန်ရန်အတွက် ကားပင်စီးလိုခဲ့၏။ကားတံခါးကိုဆောင့်ဆွဲကာ လွှတ်ပေးရန်ငြင်းဆန်လာတော့သည်။ရွှီထန်းချန်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ့ကိုကားထဲခေါ်သွားပြီး သူနှင့်အတူနောက်ထိုင်ခုံ၌ထိုင်လိုက်ရတော့သည်။

ကားမူးခြင်းသည် လူတစ်ဦးမူးယစ်နေခြင်းနှင့်အတူ ပြောင်းလဲသွားမည့် အရာတော့မဟုတ်ပေ။လမ်းတစ်လျှောက် ရိကျယ်သည် ကားကိုမကြာခဏရပ်တန့်နေရပြီး အချိန်တိုင်းချန်းရွှီသည်ဆင်းကာ ရုတ်တရက်ရှေ့သို့ငုံ့ရင်း ရွှီထန်းချန်ကိုကိုင်ထားပြီး —အော့အန်ပြီးနောက် ကားပေါ်သို့ပြန်တက်လာတတ်လေသည်။

အစ၌ကျန်းရိခွန်းက ဘာမှမပြောပေ။ချန်းရွှီကငုံ့ပြီး အော့အန်သည့်အခါတိုင်း ချန်းရွှီရဲ့ကျောကို ညင်သာစွာပုတ်ပေးပြီး မျက်ခုံးများတွန့်ရင်းကြည့်နေတတ်လေသည်။သို့သော်ဤကဲ့သို့ အကြိမ်အနည်းငယ်ထပ်ခါထပ်ခါဖြစ်ပြီးနောက်မှာတော့ ကျန်းရိခွန်း၏အမူအရာမှာ မရွှင်မပျဖြစ်လာတော့သည်။ နောက်ဆုံးမှာတော့ သူကသည်းမခံနိုင်တော့။သူသည်ချန်းရွှီ၏လက်ကိုဆွဲကာ သူ့ကိုအဝေးသို့ခေါ်သွားချင်လာတော့သည်။

ချန်းရွှီသည် ယခင်ကကဲ့သို့သူ့ကိုတွယ်ကပ်မနေတော့ပေ။ကျန်းရိခွန်းက သူ့ကိုဆွဲထုတ်ရန်ရောက်လာသောအခါ ချန်းရွှီသည်ပြင်းထန်စွာလှုပ်ရှားလိုက်ပြီး သူ့လက်ကိုအစွမ်းကုန်ခါထုတ်ကာ ရွှီထန်းချန်၏နောက်၌ ပုန်းနေတော့သည်။ကျန်းရိခွန်းသည် ချန်းရွှီ၏ ရှောင်တိမ်းနေသောမျက်လုံးများကိုစိုက်ကြည့်နေခဲ့လေသည်။ခဏအကြာတွင် သူကလက်ချောင်းများကြားရှိစီးကရက်ကို နှုတ်ခမ်းဖျားထက်သို့ တင်လိုက်လေသည်။သူကစကားထပ်မပြောတော့ပေ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now