Chapter 8

1.9K 237 18
                                    

ထန်းရှီကိုပြန်ဖြေသည့် သူ့အသံက တော်တော်လေးတည်ငြိမ်နေလေသည်။သို့သော် တကယ်တမ်း
ယခင်ကလို ငြိမ်သက်နေခြင်းမျိုးမဟုတ်ခဲ့။ရွှီထန်းရှီတွင် ပန်းနာရင်ကျပ်ရောဂါရှိနေခဲ့သည်ပင်။အအေးမိလျှင် သို့မဟုတ် ဖျားလျှင် သူ၏အခြေအနေသည် အခြားသူများထက် ပိုဆိုးနေလိမ့်မည်သာ။

ငယ်စဉ်က အလွန်ပြင်းထန်သောအအေးမိဒဏ်ကြောင့် သူမသည် အရေးပေါ်ဌာန(ICU)သို့ ရောက်ခဲ့ရလေသည်။၎င်းမှာ မိသားစုက သူမ၏ကျန်းမာရေးကို ပိုဂရုစိုက်နေရသည့်အကြောင်းရင်းပင်။သူက အိတ်ထဲမှဂျာကင်ကိုငုံကြည့်လိုက်ပြီး ၎င်းက မတော်တဆဖြစ်ရပ်တစ်ခုဟု ပြောရမည်လား သို့မဟုတ် ရိကျယ်အတွက်ဂျာကင်တစ်ထည် ၀ယ်ခဲ့မိသည်က ကံကောင်းသွားသည်ဟုပြောရမလား မသိတော့။

ရက်ရှည်ပိတ်ရက်ဖြစ်စေ၊ရက်တိုပိတ်ရက်ဖြစ်စေအားလပ်ရက်၏ နောက်ဆုံးနေ့ညတွင် အမှတ် ၁ အထက်တန်းကျောင်းသည် အမြဲပြန်ဖွင့်လေ့ရှိ၏။ကျောင်းသားများသည် ညဘက်ကိုယ်ပိုင်စာလေ့လာချိန်မတိုင်မီ ကျောင်းသို့ပြန်သွားကြရသည်ပင်။ရွှီထန်းချန်က အိမ်ကိုကားဖြင့်ပြန်လာခဲ့ခြင်းမဟုတ်ပေ။သို့သော် ၎င်းကပင် ထန်းရှီကိုပျော်ရွှင်စေခဲ့လေသည်။သူမသည် သူငယ်ချင်းများထံဖုန်းဆက်ပြီး အိမ်မှစောစောထွက်သွားခဲ့လေသည်။

ကျိုးဟူသည် တဖြည်းဖြည်း ထွက်သွားသည့်ထန်းရှီ၏ကျောပြင်ကိုကြည့်ရင်း ခေါင်းယမ်းလိုက်လေသည်။သူကရွှီထန်းချန်ကိုပြောလာ၏။

"မင်းကသူ့ကိုကျောင်းလိုက်မပို့ဘူး ဒါပေမဲ့သူကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ခုန်ပေါက်နေသေးတယ် လမ်းလျှောက်တဲ့အခါ ဖြည်းဖြည်းနဲ့မှန်မှန်လျှောက်ဖို့ငါသူ့ကိုအကြိမ်ကြိမ်ပြောခဲ့တယ် ဒါပေမဲ့သူကတစ်ခါမှကိုမှတ်မထားဘူး"

တစ်ဖက်မှအဖေရွှီသည် အရာအားလုံးကို ချော​ချောမွေ့မွေ့ဖြစ်စေရန် ကြိုးစားနေခဲ့လေသည်။

"Aiyo ဒီလောက်အလွန်အကျွံလုပ်စရာမလိုပါဘူးသူ့အရွယ်မှာနည်းနည်းသွက်တာက ကောင်းပါတယ်လေ"

"ဘယ်လိုလုပ်အဆင်ပြေမှာလဲ?ဆရာဝန်ကပြော...."

"ဆရာဝန်ကပြောတယ် သူပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ဘူး ဒါကသူ့ကျန်းမာရေးအခြေအနေပေါ်မူတည်တယ်လို့လေ"

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now