Chapter 26

1.1K 204 8
                                    

ရှန်ဟိုင်းမှပြန်လာပြီးနောက် ရိကျယ်သည်ရွှီထန်းချန်ကို ရှောင်လာခဲ့လေသည်။ အထူးအဆန်း တစ်စုံတစ်ရာကြောင့်မဟုတ်ပဲ ရွှီထန်းချန်ကိုမြင်လိုက်ရသည်နှင့် မနေ့တနေ့ကမေးခဲ့သော မေးခွန်းကို သူပြန်သတိရသွားခဲ့မိခြင်းကြောင့်သာ။

ယခင်က မည်သို့ပင်ဖြစ်စေ ရွှီထန်းချန်အနားတွင်သာ တိတ်တဆိတ်နေနိုင်သရွေ့လုံလောက်ပြီဟု သူခံစားခဲ့ရဖူးလေသည်။သို့သော် သူကိုယ်တိုင်အပါအဝင် လူသားများသည် လောဘကြီးကြောင်း ဖြည်းဖြည်းချင်းသိရှိလာခဲ့ရတော့သည်။

အဖွား၏ဖျားနာမှုမှာ စိုးရိမ်ကြောင့်ကြမှုများများပြားပြီး  စိတ်ဖိစီးမှုများကိုခံနိုင်ရည်မရှိသောကြောင့် ခန္ဓာကိုယ်တွင်းအပူလွန်ကဲလာခြင်းပင်။ရွှီထန်းချန်က ရေများများသောက်ပြီး အသီးအနှံတွေများများစားရန်
အဖွားကိုပြောပြခဲ့ချိန်က အလွန်ခိုင်မာပြီးကျိုးကြောင်းဆီလျော်နေခဲ့သော်လည်း သူကိုယ်တိုင်အတွက်တွင်တော့ ၎င်းကိုလုံးဝလျစ်လျူရှုထားခဲ့မိလေသည်။

၎င်း၏ပညာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် ထိပ်ဆုံးအဆင့်နီးပါးရှိသော ပရောဂျက်တစ်ခုကိုဦးဆောင်ခဲ့ပြီး အထက်တန်းကျောင်းအချို့နှင့် ကုမ္ပဏီအချို့ကို ရွေးချယ်ခဲ့လေသည်။မကြာမီ စတင်ကျင်းပတော့မည့် အစည်းအဝေးအတွက် ပညာရှင်များ၊ပါရဂူများအပြင် စီမံကိန်းအတိုင်ပင်ခံအချို့ကိုလည်း ဖိတ်ကြားခဲ့လေသည်။

ထုံးစံအတိုင်း ရွှီထန်းချန်သည်လည်း
အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်များနေပေလိမ့်မည်။အစည်းအဝေးစတင်ချိန်အတွက် ဆရာ၏ Slides နှင့် Presentation Video များကိုပြင်ဆင်ရာတွင် ကူညီပေးရရုံသာမက ဓာတ်ခွဲခန်းမှအခြားသူများနှင့်အတူ ဝန်ဆောင်မှုများပေးကာ ပွဲခန်းမကိုစီစဉ်ပေးရင်း ဧည့်သည်များကိုလည်း လမ်းညွှန်ပေးရန်ကူညီပေးရလိမ့်မည်သာ။

ပါရဂူများအတွက် ထိုင်ခုံများစီစဉ်ပေးရခြင်းသည် အလွန်အလေးအနက်ထားရန်
လိုအပ်သည့်အရာဖြစ်သောကြောင့် အမြဲသတိရှိတတ်သော ရွှီထန်းချန်သည်ပင် ၎င်း၌ ဒုက္ခတွေ့နေတော့သည်။ဘယ်ဘက်ပင်ဖြစ်စေ၊ညာဘက်ပင်ဖြစ်စေ သင့်တော်ပြီးလေးစားမှုရှိရမည့် စည်းမျဉ်းများရှိကာ
စာရွက်စာတမ်းများနှင့် ရေဘူးများ၏နေရာချထားမှု၌ပင် တူညီသောစံနှုန်းများဖြင့် ပြည့်မီရမည်ဖြစ်ပြီး မရပ်မနားချစ်တီးခေါင်းသန်းရှာနေတတ်သူများလည်း ရှိတတ်လေသည်။အစည်းအဝေးစတင်ချိန် ရောက်သည့်အချိန်၌ပင် လှည့်ပတ်ကြည့်ရှုစစ်ဆေးနေသူများ ရှိနေသဖြင့် သူတို့မှာအေးအေးဆေးဆေး မနေခဲ့ရပေ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now