Chapter 20

1.4K 210 9
                                    

ပိတ်ရက်သို့ရောက်လာချိန်၌ ရွှီထန်းချန်သည် သူ့ခြေဖနောင့်များပေါ်တွင် မီးနှင့်လေရှိနေသကဲ့သို့ အိမ်သို့အမြန်ပြန်ကာ လက်ဆောင်ထုပ်များ ကို သူနှင့်အတူယူလာခဲ့လေသည်။

ရိကျယ်ကသူပြန်လာမည်ကိုသိနေပြီး အစောကြီးကတည်းက အောက်ထပ်သို့ဆင်းကာ သူ့ကိုစောင့်နေရင်း သူအချိန်အတော်ကြာမတွေ့ခဲ့ရသည့် ကြောင်နက်လေးကို အစာကျွေးနေခဲ့၏။

ရလဒ်ထွက်ပြီး နောက်တစ်နေ့တွင် ရိကျယ်က ရွှီထန်းချန်ကို ညစာကျွေးချင်ကြောင်း ဖုန်းဆက်လာခဲ့လေသည်။ရွှီထန်းချန်က ရိကျယ်က
သူ့အတန်းပါတီကို မသွားခြင်းဖြစ်နိုင်သည်ဟု မှန်းဆမိကာ ပြောလိုက်၏။

"မင်းကိုစာလုပ်တဲ့နေရာမှာ ကူညီပေးတဲ့သူငယ်ချင်းတွေရှိတယ်လို့ ပြောခဲ့တာကို ငါမှတ်မိသေးတယ် သူတို့ကို ဒကာခံချင်လား?ဒီလိုနည်းနဲ့ဆို မင်းလည်းသူတို့နဲ့တွေ့နိုင်မယ်လေ"

မည်သို့ပင်ဖြစ်စေ အထက်တန်းကျောင်း၌ဖွဲ့ခဲ့သော ခင်မင်ရင်းနှီးမှုများသည် တက္ကသိုလ်၊ဘွဲ့လွန်နှင့် အခြားဘဝ၏အပိုင်းအစများတွင
ပြုလုပ်ခဲ့သော အရာများနှင့်တော့မတူညီဟု ရွှီထန်းချန်ကယုံကြည်လေသည်။ဆယ်ကျော်သက်ဖြစ်ခဲ့ရသောနှစ်များသည် အပြစ်အကင်းဆုံး၊စိတ်လှုပ်ရှားရန်အလွယ်ကူဆုံးဖြစ်ပြီး ထိုနှစ်များရှိ ကျောင်းဝင်းများသည် အစားထိုးမရနိုင်သော အရာတစ်ခုဖြစ်လေသည်။

တစ်ဖက်တွင်တော့ ရိကျယ်ကခဏမျှစဉ်းစားပြီးနောက် ပြောလာ၏။

"ကောင်းပြီလေ"

ထို့နောက် ချက်ချင်းပင်ထပ်ပေါင်းကာပြောလာပြန်၏။

"အစ်ကိုလည်းလာသင့်တယ်"

"မင်းနဲ့ မင်းရဲ့ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့အတူပူးပေါင်းတာက ငါ့အတွက်မသင့်တော်ဘူး မဟုတ်လား?"

ရွှီထန်းချန်က ရိကျယ်သူ့ကျောင်းမှသူငယ်ချင်းများနှင့်တွေ့ဆုံပြီးနောက် သူ့အားအစားအသောက်ကောင်းစားရန် ခေါ်သွားမည်ဟု ပြောရန် ပြင်လိုက်သော်လည်း ရိကျယ်ကပြောလာခဲ့၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now