ထိုညက ရွှီထန်းချန်အတော်လေးသောက်ခဲ့ခြင်း။ရိကျယ်ကညစာစားပွဲ၌ ခွက်အချို့ကိုသောက်ရန်ကူညီပေးချင်ခဲ့သော်လည်း ရွှီထန်းချန်ကသူ့ကို လုံးဝခွင့်မပြုခဲ့ပေ။သူသည် အရက်ကိုခံနိုင်ရည်နည်းသူမဟုတ်သကဲ့သို့ မည်သူကိုမဆိုငြင်းဆန်ကာ
တစ်ခွက်ပြီး တစ်ခွက်သောက်နေလေတော့သည်။သို့သော်သူတို့ KTV သို့ရောက်ချိန်၌ အခြားသူများကသူ့ကိုခွက်ကမ်းပေးလာသည့်အခါ ရွှီထန်းချန်ကသူတို့ဘာပဲပြောပြော မသောက်တော့ပေ။ယွီအန်းကနောက်ပြောင်ပြီးချော့မော့လာသောအခါ ရွှီထန်းချန်ကရိကျယ်ကိုဆွဲလျက် ရှေ့သို့တွန်းပို့လိုက်၏။
"သူငါ့အတွက် သောက်ပေးလိမ့်မယ်"
ထိုသို့ပြောလာသောအခါ ရိကျယ်သည်ခွက်ကိုယူရန် လက်ကိုဆန့်လိုက်၏။သို့သော် ယွီအန်းသည် သူ့လက်ကို ချက်ချင်းဖယ်လိုက်ပြီး ရိကျယ်အားဖန်ခွက်ကိုမထိစေခဲ့ပေ။
"ငါကမင်းနဲ့ အတူသောက်နေတာလေ သူကမင်းနေရာကို မယူနိုင်ဘူးမလား?"
အရက်မမူးသောရွှီထန်းချန်သည် ဤအခြေအနေမျိုးတွင် မွေးနေ့ရှင်ကောင်လေးကို မျက်နှာပျက်စေမည်မဟုတ်ပေ။သို့သော်ရွှီထန်းချန်သည်အရက်မူးနေသည့်အတွက် ရိကျယ်သည်အလွန်ကျေးဇူးတင်နေခဲ့လေသည်။သူသည် ရွှီထန်းချန်ထပ်ပြောလာမည့်စကားကိုစောင့်ဆိုင်းရင်း ခေါင်းကိုငုံ့ထားသော်လည်း လက်တစ်ဖက်ကရုတ်တရက်သူ့လည်ပင်းကို ချိတ်လာကာ သူ့ခါးကိုအနည်းငယ်ကွေးသွားစေပြီး သူ့ဘေးနားရှိလူထံသို့တိုးကပ်သွားစေခဲ့၏။
"သူငါ့နေရာကို ယူနိုင်တယ်"
ရွှီထန်းချန်၏မျက်နှာပေါ်၌ ဖြူစင်သောအပြုံးတစ်ခုကရှိနေလေသည်။ရိကျယ်၏ပခုံးပေါ်ရှိ ထိုသူ၏လက်သည် သူ့နားရွက်ကိုနှစ်ကြိမ်တိုင်တိုင်ပင် ပွတ်သပ်လာခဲ့လေသည်။
ရိကျယ်သတိပြုမိသည်မှာ ရွှီထန်းချန်သည်အရက်မူးနေချိန်၌ လက်မငြိမ်မနေတတ်သူပင်။နောက်ဆုံးအကြိမ်၌လည်းအလားတူဖြစ်ရပ်မျိုး ကြုံခဲ့ရလေသည်။ရွှီထန်းချန်က သူ့လည်ပင်းကိုဆွဲဖက်ထားလျက် ဆော့ကစားနေသည်ကို ရိကျယ် မှတ်မိနေဆဲ။
YOU ARE READING
An Accident in Broad Daylight || ဘာသာပြန်《Completed》
RomanceTittle: 白日事故 [Bai Ri Shi Gu] Author: Gao Tai Shu Se(高台树色) English Translator: Chai Translations Chapters: 65 chapters+ 2 extra ❝𝙒𝙝𝙚𝙣 𝙝𝙚 𝙨𝙢𝙞𝙡𝙚𝙙 𝙖𝙩 𝙝𝙞𝙢, 𝙚𝙫𝙚𝙣 𝙩𝙝𝙚 𝙙𝙧𝙚𝙖𝙢 𝙙𝙖𝙯𝙯𝙡𝙚𝙙❞ *I got permission from the English tra...