Chapter 13

1.5K 245 5
                                    

နှစ်ယောက်သား ဆံပင်ညှပ်ရန်သဘောတူခဲ့ကြသော်လည်း ရိကျယ်ကချိန်းထားခြင်းကိုလွဲချော်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။

နေ့ခင်းဘက်၌သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အိမ်အပြင်ထွက်ရန်လုပ်နေချိန်တွင် တစ်စုံတစ်ယောက်က တံခါးကိုဒေါသတကြီးဖြင့် ထုရိုက်လာခဲ့၏။

သူကတုန်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ တံခါးဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားချိန်၌ ရှန်းရှိရိသည် ဆံပင်များရှုပ်ပွနေကာ မျက်နှာမသစ်ထားသောပုံစံဖြင့် သူမ၏အိပ်ခန်းတံခါးကို ဖွင့်လာခဲ့တော့သည်။

သူမ၏ညဝတ်အင်္ကျီများသည် ခန္ဓာကိုယ်ပေါ်တွင် ဖြည်းညှင်းစွာဖုံးလွှမ်းနေပြီး မျက်လုံးအောက်ရှိအမှောင်စက်ဝိုင်းများသည် သိသိသာသာ ကြီးမားနေလေသည်။

"ခုနစ်မိနစ်လောက်ကြာရင် တံခါးဖွင့်လိုက်"

ရှန်းရှိရိက အက်ကွဲနေသောနှုတ်ခမ်းများဖြင့် ပြောလိုက်လေသည်။

"တစ်မိနစ်လောက်စောပြီး ဖွင့်ရဲဖွင့်ကြည့်စမ်း ငါမင်းကိုသေအောင်လုပ်ပစ်မယ်"

ရိကျယ်က ရပ်တန့်သွားခဲ့လေသည်။

ရှန်းရှိရိသည် စကားလုံးများကိုလုပ်ဆောင်ချက်ဖြင့် အကောင်အထည်ဖော်တတ်သူ တစ်ယောက်ပင်။

သူမ၏ "မင်းကို သေအောင်လုပ်ပစ်မယ်" ဆိုသည့်စကားက ပုံမှန်အတိုင်း အသေသတ်လိုက်ခြင်းကိုမဆိုလိုသော်လည်း သေချင်သည်ဟုခံစားရအောင်တော့ သူမကနည်းအမျိုးမျိုးဖြင့် ဒုက္ခပေးလိမ့်မည်သာ။

ရိကျယ်၏ ဆယ်ကျော်သက်အရွယ်ပုန်ကန်ထကြွမှုနှင့်ရန်မူရန် စိတ်အားထက်သန်နေသော ကာလ၌ သူသည် ထိုကဲ့သို့သောစကားမျိုး ပြောခဲ့သော ရှန်းရှိရိကို စိန်ခေါ်ရန်ကြိုးစားခဲ့ဖူးလေသည်။အဆုံးတွင် ရှန်းရှိရိသည် သူ့ကိုသူမကဲ့သို့ နှုတ်ဖြင့်သာ မရပ်မနားနာကျင်သွားသည်အထိ စော်ကားတတ်ရန် တွန်းအားပေးခဲ့လေသည်။

မသက်ဆိုင်သော သူများအတွက်ပင်လျှင် သူသည် အလွန်အေးစက်နေပြီး ဂရုစိုက်ခြင်းမျိုးမရှိပေ။အကြောင်းပြချက်မရှိ တစ်ဖက်သားအနာကျင်ရဆုံးဖြစ်လေမည့် မဖွယ်ဖရာနှင့်နာကျင်စရာအပြည့်ရှိနေသည့် စကားလုံးများကိုပြောမိလိမ့်မည်သာ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Donde viven las historias. Descúbrelo ahora