Description

22.9K 1K 15
                                    

မကောင်းမှုမျိုးစုံကိုကျူးလွန်သည့် ဗီလိန်ကြီး လုကျွင်းဟန်သည် အလွန်ကိုဥာဏ်နီဥာဏ်နက်များလွန်းပြီး သစ္စာမဲ့သည်စဉ်းလဲသည်။ Hai Cheng မြို့တစ်ခွင်လုံးတွင် သူ့ကို မကြောက်သည့်လူ တစ်ကောင်တစ်မြီးမှ မရှိလေဘူး။

ဒါပေမယ့် အဆုံးသတ်မှာတော့ အဓိကဇာတ်လိုက်၏လက်ထဲတွင် ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးခဲ့ရပြီ Hai Cheng အသိုင်းအဝိုင်းရဲ့ အကြီးမားဆုံးဟာသပြတ်လုံးတစ်ခုဖြစ်လာခဲ့သည်။

ဒီဝမ်းနည်းစရာရလဒ်ကိုပြင်ဆင်ဖို့အတွက် Koi မင်းသမီးငယ်လေးဟာ လူဝင်စားလာခဲ့ပြီး လုကျွင်းဟန်ရဲ့သမီး လုလီ ဖြစ်လာခဲ့သည်။

အသက်သုံးနှစ်ခွဲသာရှိသေးတဲ့ မုန့်လုံးလေးက လက်သီးကိုကျစ်နေအောင်ဆုပ်ထားရင်း အံ့ကြိတ်ကာပြောလိုက်သည်။

"ငါ  ဖေဖေ့ရဲ့ ဘဝကို ကာကွယ်မယ်။ဘယ်သူမှ ဖေဖေ့ကို အနိုင်မကျင့်စေရဘူး"

'သောက်ကျိုးနဲ ဘယ်သူကဘယ်သူ့ကိုအနိုင်ကျင့်နေတာလဲ!'

Later....

လုကျွင်းဟန်: တစ်ယောက်ယောက်သူ့ကိုကိုယ်လုံးတီးချွတ်ပြီးရေအိုင်ထဲပစ်ချလိုက်

လုလီ: ဖေဖေ သမီးလုပ်မယ်။သမီးသူ့အဝတ်အစားတွေကိုချွတ်ပစ်မယ်။

လုကျွင်းဟန်: ခနရပ်လိုက်ပြီးနောက်.... မေ့လိုက်တော့။သူ့အဝတ်တွေချွတ်လိုက်ရင် စိတ်အနှောက်အယှက်ဖြစ်စေလိမ့်မယ်။ငါ့အတွက်သူ့ရဲ့လက်တစ်ဖက်ကိုပဲဖြတ်ခဲ့တော့။
သူပြောလို့မပြီးသေးခင်မှာပဲ...

သူမရဲ့သေးငယ်တဲ့ လက်သီးဆုပ်ကလေးကို လက်နက်သဖွယ်ထုတ်ပြလာရင်း-
သမီးလုပ်မယ်ဖေဖေ သမီးလည်းလုပ်နိုင်တယ်

လုကျွင်းဟန်:........

နောက်ပိုင်းမှာ

သတင်းထောက်:Mr. Lu ဘာကများမင်းရဲ့စိတ်ကိုပြောင်းလဲစေခဲ့ပြီးတော့ လူကောင်းတစ်ယောက်ဖြစ်စေခဲ့တာလဲ

လုကျွင်းဟန်က တိတ်တဆိတ်ပြုံးနေခဲ့သည်။ကလေးကို လမ်းမလွဲသွားစေဖို့အတွက် သူ့ရဲ့နိုင်လိုမင်းထက်ဆန်တဲ့ ရက်စက်ခြင်းတွေကို သူစွန့်လွတ်ခဲ့တယ်။ သူမအတွက်စံပြကောင်း ဖြစ်လာဖို့ကြိုးစားတယ်။ မုန့်လုံးလေးကိုမှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လမ်းနိုင်အောင် လုပ်ပေးရတယ်။သူမကိုလိမ်လည်လှည့်ဖြားမဲ့ လူလိမ်တွေကိုလဲ အမြဲတစေ ကင်းစောင့်ပေးရတယ်။ဒါပေမယ့်ဘယ်သူသိမလဲ သူ့ရဲ့အကောင်းဆုံးဂရုစိုက်မှုတွေနဲ့ကာကွယ်ခဲ့တဲ့ အဖိုးတန်သမီးလေးက အဆုံးမှာတော့ နတ်ဆိုးကောင်ရဲ့ အလစ်သုတ်တာကို ခံလိုက်ရတယ်။

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now