94.

3.6K 608 9
                                    

Chapter 94 : Don't eat pears

"ဖေဖေက ငါးစားတာလား?"

ကလေးမလေး၏ နက်မှောင်သည့်မျက်လုံးတွေက ပြူးကျယ်လာပြီး သူမ၏အမူအရာက ကောင်းကင်နှင့်မြေကြီး အစိတ်စိတ်အမွှာမွှာကွဲသွားသလိုဖြစ်နေ၏။သူမ၏မျက်နှာလေး ဖြူဖျော့သွားပုံမှာ အနည်းငယ် သနားစရာကောင်းနေသည်။

"အန်တီဖေဖေကဘာလို့ သစ်တော်သီးတွေကို စားတာလည်းဟင်?သစ်တော်သီးတွေက အရသာမရှိပါဘူး"

(ဆိုလိုတာက သူ့နာမည်က လီ-梨 ကသစ်တော်သီးဆိုတဲ့ အဓိပ္ပါယ်ပါ။ဒီတော့ သူမပြောတာက သူမကလည်း ငါးဆိုတော့ ဘာလို့ လီလီကိုစားမှာလဲပေါ့နော်။)

စုန့်ချင်းဝမ်က ကလေးမလေး၏ သနားစရာပုံစံလေးကို သဘောတွေ့သွားပြီး သူမ၏လက်ချောင်းလေးတွေနှင့် နှာခေါင်းထိပ်လေးကို တို့လိုက်သည်။

"အဲ့တာက သစ်တော်သီးမဟုတ်ဘူး။ငါးတွေပါ။အရူးမလေး,မင်းရဲ့ဖေဖေက မင်းကိုတော့ ဘယ်စားပါ့မလဲကွယ်"

"ဒါပေမယ့် လီလီကလည်း ငါးပဲလေ..."

လိုလီတာလေး၏ ဝိုင်းစက်နေသော မျက်လုံးကြီးထဲတွင် အရည်လွှာလေးဖြစ်လာပြီး သူမ၏မျက်နှာလေးက ဖြူဖျော့နေသည်။သူမတွေ့လိုက်တုန်းကဆိုရင် ငိုလုနီးပါးဖြစ်နေပြီး ကြောက်လန့်စွာနှင့်ပြောလိုက်သည်။

"ဖေဖေက အခြားငါးတွေကိုတောင်စားတာဆိုတော့ လီ..လီလီ့ကိုလည်း စားချင်နေမှာ..."

တိုက်ဆိုင်စွာနဲ့ပဲ သူမပြောပြီးတာနဲ့ လုကျွင်းဟန်က ဖုန်ချအပြီး ပြန်လာခဲ့သည်။သူသိသိသာသာကိုပဲ အိမ်စေလက်ထဲက ငါးကိုမြင်လေသည်။အိမ်စေက လုလီပြောသည့် ငါးမစားဘူးဆိုတာကို ကြားလိုက်ရသည်။သူက ဖမ်းထားတဲ့ ငါးကိုပဲ ပြန်လွတ်ပေးလိုက်ရတော့ မလားဆိုတာ တွေဝေနေတော့သည်။သခင်လေးဖြစ်သူဝင်လာတာကိုတွေ့တော့ သူကခနလောက်တွေးကာ အရှေ့တိုးပြီးမေးလိုက်သည်။

"သခင်လေးလု, သခင်လေးအထင်ဒီငါးကို...."

ချက်ရမလား?ဒါမှမဟုတ် ပြန်ထားလိုက်သင့်လား?

လုကျွင်းဟန် မပြောရသေးခင် စုန့်ချင်းဝမ်က ဦးစွာပြောလိုက်လိုက်သည်။

I Become The Villain's Own Daughter 《 Myanmar translation 》Où les histoires vivent. Découvrez maintenant