Chapter 16
လုလီက လူကြီးတွေကြားထဲမှာ ဘာတွေဖြစ်နေလဲဆိုတာမသိပေ။သူမ သိတာက သူမအဖေက ဒီတစ်ခေါက်ဖေဖေလို့ ခေါ်တာကို မငြင်းပယ်ဘူးဆိုတာပဲ။ပြီးတော့ သူမကို အဝေးကိုမောင်းမထုတ်ဘူး။
သူမက လုကျွင်းဟန်ရဲ့ဘောင်းဘီကို လက်လေးတွေနှင့် ဆုတ်ကိုင်ထားသည်။သူရဲ့ နူးညံ့ဖြူဖွေးနေတဲ့ မျက်နှာ ဖောင်းဖောင်းလေးကို မော့လိုက်ရင်းစုန့်ချင်းဝမ်ကို လေးစားမှု အပြည့်နှင့်ကြည့်လိုက်သည်။သူမရဲ့ သေးငယ်လှသည့် ပုံရိပ်လေးက အလွန်ကို နူးညံ့ပြီး ချစ်ဖွယ်ကောင်းနေသည်။
" အန်တီက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ။တကယ်ပဲ လီလီ အဖေကို ကူရှာပေးနိုင်တယ်"
"....."
စုန့်ချင်းဝမ်က မကြာခင်မှ ကြားလိုက်ရတဲ့ သတင်းကြောင့် ထိတ်လန့်နေတာကြောင့် ခနလောက် ပြန်မကောင်းနိုင်သေးပေ။ ပြန်ကောင်းလာတာတောင်မှ မယုံကြည်နိုင်ဖြစ်နေသည်။သူက လုလီကိုကြည့်လိုက် လုကျွင်းဟန်ကိုကြည့်လိုက် လုပ်နေသည်။
အချိန်အတော်ကြာတော့ သူမက ခက်ခက်ခဲခဲနှင့်မေးလာခဲ့သည်။
"သူ..သူမက တကယ်ပဲ မင်းရဲ့ သမီးလား"
လုကျွင်းဟန်ရဲ့ မျက်နှာပေါ်တွင် ဘာအမူအရာမှရှိမနေ။သူက အေးစက်စက်နှင့် ပြတ်သားစွာပြောလိုက်သည်။
"မဟုတ်ဘူး"
စုန့်ချင်းဝမ်က သူပြောတာကို နားထောင်မနေပါဘူး။လုလီရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးကိုကြည့်လိုက်ပြီး လုကျွင်းဟန်ရဲ့ ပုခုံးကို ရိုက်ကာ အကြောက်အရွံ့ကင်းစွာရီနေသည်။
"ဟားဟားဟား....မင်းတို့လုပ်နိုင်ခဲ့တာပဲ။အရှိန်က တော်တော်မြန်တယ်။ငါက လာမဲ့နှစ်အတွင်းမှာ မြေးလေးတစ်ယောက်လိုချင်တာ, မင်းကတကယ်ပဲ ငါ့အတွက်တစ်ယောက်ပေးတယ်။ငါပြောသားပဲ ဒီကလေးမလေးက လုမိသားစု နဲ့ အတော်ကြီးကိုတူနေပါတယ်ဆို။တကယ်ပဲ ငါတို့ မိသားစုဝင်ဖြစ်နေတယ်"
သူက မျက်မှောင်ကြုတ်ပြီး အေးစက်စက်နှင့်ပြောသည်။
"သူမက မဟုတ်ဘူး"
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
DU LIEST GERADE
I Become The Villain's Own Daughter 《 Myanmar translation 》
RomantikThe story is not mine. It's just a translation. All credit goes to the original author.