Chapter 72 : Does not seem so bad
ကောင်လေး၏ကိုယ်က ကိုးယို့ကားယားဆန်စွာဖြင့် တောင့်သွားပြီး သူ့လက်သီးသေးသေးလေးတွေကို ဆုပ်ထားကာ သတိအနေအထားနှင့်ကြည့်နေသည်။ကြည့်ရတာ သူမနောက်ဆုံးတော့ စိတ်တိုပြီပေါ့!သူစဉ်းစားနေတာက ခနနေလို့သူမသူ့ကို ရိုက်လာခဲ့ရင် သူဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာပဲ။
သူတိုက်ခိုက်ရမှာကို မကြောက်ပေမယ့်လည်း သူမအဖေကိုတော့ကြောက်လေသည်။သူမအဖေက ဖိုးဖိုးလိုပဲ ရက်စက်တယ်။မဟုတ်သေးဘူး ဖိုးဖိုးထက်တောင်မှ ရက်စက်သေးတယ်။သူအကြောင်းအရင်းကို မစဉ်းစားနိုင်သေးခင်မှာပဲ ကလေးမလေးက သူ့ရှေ့တွင်ရပ်နေပြီဖြစ်သည်။လုချီကလက်သီးဆုပ်ထားရင်း သွားတွေကိုကြိတ်ကာ မေးလိုက်သည်။
"မင်း ဘာလိုချင်တာလဲ?"
သူပြောပြီးနောက် နောက်ထပ်ဝါကျတစ်ကြောင်းကို ထပ်ဖြည့်ပြောလိုက်သည်။
"အရင်ဆုံးပြောထားမယ်... မင်းတိုက်ခိုက်လို့တော့ရတယ်။ကွန်ပလိန်းတက်လို့တော့ မရဘူးနော်"
လုလီက သူမမျက်လုံးလေးတွေကို ပုတ်ခတ်လိုက်ပြီး သူမအကိုဘာပြောနေလဲဆိုတာ နားမလည်နိုင်ဖြစ်နေသည်သူမလက်လေးတွေကို သူ့ဆီသို့ဆန့်ထုတ်လိုက်ပြီး နူးညံ့သည့်အသံလေးနှင့်ပြောသည်။
"ရော့.....ကောကော ကို ထန်ထန်ပေးမယ်"
လုချီ : "...."
သူမက ချိုချဉ်ပေးဖို့လာခဲ့တာကို လုချီမမျှော်လင့်ထားပေ။အချိန်အတော်ကြာ သူစကားပြန်မပြောနိုင်ဘဲ သူမျက်နှာဖြူဖြူလေးက ရဲသွားတော့သည်။သူအခုလောလောဆယ် အရမ်းစိတ်လှုပ်ရှားနေပြီး ထိုအကြောင်းကို မစဉ်းစားနိုင်လောက်အောင်ကို တုံးအနေတော့သည်။သို့သော်လည်း သူခေါင်းကိုလှည့်လိုက်ပြီး တောင့်တောင့်လိုက်ကြီးပြောသည်။
"ငါမင်းရဲ့ ချိုချဉ်တွေကို မလိုချင်ဘူး"
ဒီမကောင်းတဲ့ ညီမက သူ့ကိုဝယ်ချင်နေတာလား။ဟွန်း ...သူအရူးလုပ်ခံမှာ မဟုတ်ဘူး။ ဒီချိုချဉ်လေးနဲ့ ဖိုးဖိုးကို ပေးမယ်လို့ မင်းထင်နေတာလား။အိမ်မက်မက်နေလိုက်....
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.