Chapter 74:Kill you all
Chen Susu ကဘာဂန်ဒီဝိုင်ရောင်ဆိုးထားသည့် လက်သည်းတွေနဲ့ လုချီ၏ လက်မောင်းကိုဆွဲကိုင်ထားပြီး ရှည်လျားသည့်လက်သည်းတွေက ကလေး၏ လက်မောင်းသားကို ထိုးဖောက်နေတော့သည်။သူမ၏ မျက်နှာကတော့ မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို ဒေါသတွေနှင့်ပြည့်နေသည်။
ကလေးတွေ၏ အသားရည်က နဂိုထဲက နူးညံ့လွန်းတာဖြစ်ပြီး သူမဒီလိုထိုးဆိတ်နေတော့ လုချီခဗျာနာကျင်လွန်း၍ မျက်ရည်တွေတောင် ထွက်လာခဲ့သည်။သူ၏မျက်လုံးနက်နက်ထဲတွင် မြူတွေဆိုင်းသလို အရေလွှာလေးဖွဲ့နေလေသည်။
"နာတယ်...မေမေဆွဲထားတာ သားနာတယ်...လွတ်ပေး..လွတ်ပေး..
လွတ်ပေးလို့...."Chen Susu ကဂရုမစိုက်ပေ အဲ့ဒီအစား ဒေါသထွက်နေသည့် အကြည့်နှင့်သူ့ကိုကြည့်ပြီး ပို၍အားထည့်လိုက်သည်။
"ငါ အရင်ကမင်းကိုအချိုတွေမစားဖို့ ပြောလားမပြောဘူးလား?မင်း အဖိုးက မကြိုက်ဘူးလို့ ...ဘယ်သူက မင်းကို......"
လုချီက အကူညီမဲ့နေသည်။နောက်ဆုံးတော့ သူက ငါးနှစ်အရွယ်သာ ရှိသေးတာဖြစ်ပြီး နာကျင်မှုကြောင့် ရုန်းကန်ကာ ငိုနေတော့သည်။
"မေမေ ..တကယ်နာတယ်...သားနာနေပြီ...."
လုချီက လိမ္မာတဲ့ ကလေးဖြစ်တာကြောင့် ဘယ်တုန်ကမှသူမကို ခုခံပြန်ပြောတာမျိုးမရှိပေ။ဒီတစ်ခေါက်သူက ချိုချဉ်စားရုံတင်မကဘဲ ထွက်ပြေးချင်နေသေးတယ်။ဒါက လုံးဝမှားတယ်။သူ သေသင့်တဲ့ အဲ့ဒီလုလီဆီက သင်ယူထားတာပဲဖြစ်ရမယ်။
Chen Susu ကဒေါသတကြီးနှင့် သူမ၏မျက်နှာက ပြာနှမ်းနေပြီး အေးစက်စွာပြောသည်။
"မင်းဦးနှောက်မကောင်းဘူးလား?နာကျင်တယ်ဆိုရင်မှတ်ထားရမယ်လေ"သူတို့ဘေးမှ Lu Tianhua ကကလေးမျက်နှာပေါ်မှ မျက်ရည်တွေကျနေတာကို ကြည့်နေပြီး စိတ်မကောင်းဖြစ်သလို မခံစားရရုံမကဘဲ ကသိကအောက်ဖြစ်စွာ စိတ်မရှည်စွာနှင့် ပြောသည်။
"ဘာကိစ္စငိုနေတာလဲ?မင်းမှတ်ထားရမှာက မင်းကယောကျာ်းလေး... မိန်းကလေးတစ်ယောက်မဟုတ်ဘူး။မင်းဒီလိုမျိုးငိုယိုနေတာက ငါတို့ကိုမျက်နှာပျက်စေတယ်....."

YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.