Chapter 87 : Has something to discuss with you
လုကျွင်းဟန်နဲ့ ဆက်ဆံပြောဆိုဖို့ရာ ခက်ခဲလွန်းတာကြောင့် လူအိုကြီးက နောက်ခြေတစ်လှမ်းဆုတ်ပြီး သူ၏ပန်းတိုင်ကို ကလေးမလေးအပေါ် ပုံထားလိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ပြီးတော့ သူမလည်း အိမ်ဟောင်းကနေပြန်ဦးမှာမှမဟုတ်ပဲ ခနလောက်သူနဲ့အတူ ငါးမျှားဖို့ပူးပေါင်းခိုင်းတာ သိပ်မများဘူးလေနော်။
လူအိုကြီး ဒီမနက်ငါးမျှားတံကိုသုံးခဲ့ပေမယ့်လည်း သူဘာကိုမှမဖမ်းနိုင်ခဲ့ဘူး။အခုသူ့နှလုံးသားထဲမှာ အရမ်းယားယံနေပြီး ကလေးမလေးကိုဆွဲလို့ ရေကန်နားသွားပြီး နေ့နေ့ညညတိုက်ခိုက်ဖို့ မစောင့်နိုင်အောင်ကိုဖြစ်နေတော့သည်။ဒါပေမယ့် သူမလေးအဖေရဲ့ အဆိပ်ပြင်းတဲ့လျှာကို သူခုခံနိုင်စွမ်းမရှိလေဘူး။
တကယ်လို့သူမလေးကို သူနဲ့အတူငါးဖမ်းသွားဖို့ပြောပြန်ရင်လည်း အဲ့ဒီကောင်စုတ်လေးက မနေ့ကသူ့စကားတွေနဲ့ သူကိုလှောင်ပြောင်နေလိမ့်မည်။အင်း...
သူဒီကောင်စုတ်ကိုဖယ်ထုတ်ဖို့ အခြားနည်းလမ်းသုံးမှပဲရတော့မယ်။လူအိုကြီးက တစ်ဖန်နောင်တရနေပြန်သည်။သူမနေ့က အဲ့ဒီလောက်ဈေးမပေါခဲ့သင့်ဘူး!ဒါကိုအစောကြီးကထဲကသိခဲ့ရင် သူ့မြစ်လေးနဲ့မြစ်မလေးက နာကျင်ခဲ့ရမှာမဟုတ်ဘူး!ဒီအချိန်မှာတော့ သူအရင်က ဒီကလေးမလေးအပေါ် ဘယ်လောက်မုန်းတီးသလဲဆိုတာကို လုံးဝမေ့လျော့လို့နေပါပြီ။ပြီးတော့ သူဘယ်လောက်တောင် ရက်ရက်စက်စက် ကောင်မလေးက အသုံးမကျကြောင်း ပြောခဲ့တာတွေကိုရောပေါ့။အခု သူမအဖေလက်ထဲက ကလေးမလေးကိုလုပြီး ငါးသွားမျှားချင်တာပဲ သိတော့တယ်။
ဒီလောက်ကောင်းတဲ့ကောင်မလေးကို လုကျွင်းဟန်ကောင်စုတ် လက်ထဲထည့်ပေးတာက တကယ်ကိုဖြုန်းတီးတာပဲ!တကယ်ဆို ဒီကလေးမလေးက ဘာလို့သူ့သမီးမဖြစ်နိုင်ရတာလဲ!စုန့်ချင်းဝမ်ကတော့ အရမ်းကိုအိပ်ငိုက်နေတာကြောင့် တစ်ကိုက်နှစ်ကိုက်လောက်စားပြီး အပေါ်ထပ်ကိုတက်သွားပါတော့သည်။
လူအိုကြီးလည်း လုကျွင်းဟန်အနိုင်ကျင့်တာ ခံလိုက်ရတာကြောင့် နဲနဲလောက်စားပြီး ရပ်လိုက်သည်။အဲ့ဒီအစား အပေါ်ထပ်ကိုအမြန်တက်ပြီး လုကျွင်းဟန်ဆိုတဲ့ အနှောက်အယှက်ကို ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ စီစဉ်နေတော့သည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.