Chapter 5 : The gentleman 's revenge,ten years is not too late
နောက်ဆုံးတစ်ခေါက်, သခင်လေးက ကလေးကို တံခါးကနေ တိုက်ရိုက်ပစ်ထုတ်ခဲ့တာ။ဒါပေမယ့် ဒီတစ်ခေါက်တော့.....
သူမဝံ့မရဲနှင့်မေးလိုက်သည်။
"ဒါဆို ကျွန်တော် သူမကို တံခါးဆီကို လိုက်ပို့ လိုက်ပါ့မယ်"
"ဘာပဲဖြစ်ဖြစ်"လုကျွင်းဟန်ကထပ်မပြောချင်တော့ဘူး။
"စားသောက်ပွဲမစခင် ငါသူမကို ထပ်မမြင်ချင်ဘူး"
ပြောပြီးတဲ့နောက် လုလီကိုင်ထားတဲ့ သူ့ အင်္ကျီလက်ကိုပြန်ဆွဲလိုက်ရင်း လှည့်မကြည့်ဘဲထွက်သွားတော့သည်။
လက်သေးသေးလေးတွေက အရမ်းကို နူးညံ့သည်။ တိုဖူးလေးလို နူးညံ့လွန်းတာမှ သူ နဲနဲလောက် အားထည့်လိုက်ရင် ကျိုးသွားမှာကိုတောင် စိုးရိမ်မိသည်။ စောနတုန်းက သူရဲ့အားကိုလျှော့ ထားပြီး သူမကို မနာကျင်စေချင်ဘူးဆိုတာကိုတော့ သူသတိမထားမိပေ။
သူမရဲ့ အဖေက သူမကို ဒီလို ဆက်ဆံတာကိုတွေ့တော့ လုလီရဲ့ မြူတွေဝိုင်းနေတဲ့ မျက်လုံးလေးတွေက ချက်ချင်းကိုစိုစွတ်လာတော့သည်။ပြီးတော့ သူမရဲ့ မျက်ရည်လုံးကြီးတွေက တစ်ပေါက်ပြီးတစ်ပေါက် စီးဆင်းလာတော့သည်။ သူမရဲ့ညစ်ပေနေတဲ့ မျက်နှာလေးကိုကြည့်ရတာ ကြောင်ငယ်လေးနှင့် ပို၍တူလာလေသည်။
လုလီက သူ့နောက်လိုက်ပြေးလိုက်ချင်ခဲ့ပေမယ် သူလမ်းလျှောက်တာက မြန်လွန်းနေသည်။သူမဟာ ဆာလောင်လွန်းပြီး ပင်ပန်းနေတာကြောင့် သူ့ကို လိုက်၍မမှီနိုင်ပေ။
"ဖေဖေ ,လီလီကိုစောင့်ပါဦး ။ဖေဖေက လီလီကို မလိုချင်တော့ဘူးလားဟင်.."
လုကျွင်းဟန်က ခြေလမ်းတွေကို ရပ်လိုက်တယ်။ဒါပေမယ့် လှည့်မကြည့်ပဲ နေနေတုန်းပါပဲ။ပြီးနောက် သနားစရာလုလီလေးကို ချန်ရစ်ခဲ့ပြီး ရှေ့ကိုလျှောက်သွားတော့သည်။
အိမ်တော်ထိန်း ကလုလီကို မျှော်လင့်မထားစွာ ကြည့်လိုက်သည်။ ရလဒ်က တကယ့်ကို မယုံ နိုင်စရာပဲ။
သခင်လေးက ကလေးမလေးကို အပြင်ကိုပို့လိုက်ဖို့ပဲပြောတယ်။အရင်က စကားတစ်ခွန်းမှမပြောဘဲပစ်ထုတ်ခံလိုက်ရတဲ့ ကလေးနဲ့ယှဉ်ရင် သူက သူမကို ဒီတိုင်းလေးပဲ ထွက်သွားဖို့ပြောတယ်။
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.