21.

5K 779 0
                                    

Chapter 21

အသက်သုံးနှစ်ခွဲကလေးတွေဟာ ဖွံ့ဖြိုးဆဲ အခြေအနေမှာပဲ ရှိပါသေးသည်။သူတို့တွေက ညမှာ အစောကြီးအိပ်ရာဝင်ပြီး ခုနှစ်နာရီလောက်ဆိုရင် စတင်ပြီးအိပ်မောကျနေပြီဖြစ်သည်။

ဒီကိစ္စတွေ အားလုံးပြီးဆုံးသွားတော့ အချိန်က ၉နာရီခွဲနီးပါးပင် ရှိနေလေပြီ။လုလီက သူ့လက်မောင်းထဲမှာ တိုးဝေ့နေပြီး သူမမျက်လုံးလေးတွေကို ပွတ်ကာ တဝါးဝါးသမ်းနေသည်။မျက်တောင်ရှည်အောက်က မျက်လုံးလေးတွေမှာ အရည်ကြည်တွေနှင့်ပြည့်နေပေမယ့် အိပ်မပျော်သွားအောင် တင်းခံနေသည်။

သူမဖေဖေနဲ့ အချိန်နဲနဲကြာကြာ ပိုပြီးနေချင်သေးတယ်။သို့သော်လည်း နောက်ဆုံးမှာတော့ သူမမကိုင်တွယ်နိုင်တော့ပါဘူး။ကြက်ကလေးတွေ အစာကောက်စားသလိုမျိုး သူမရဲ့ ခေါင်းလေးက လုကျွင်းဟန်၏ ပုခုံးပေါ်သို့ ခနခနပြုတ်ကျနေသည်။တစ်ခါတစ်ရံ ဟောက်သံသေးသေးလေးနှင့် ညည်းနေသေးသည်။

ပတ်ဝန်းကျင်က ဆူညံသံတွေက သူမကိုမနိုးစေဘဲ သူမအဖေ၏လက်မောင်းထဲတွင် သက်တောင့်သက်သာဖြစ်စွာ အိပ်မောကျနေသည်။

သူမ၏ သူ့အပေါ် လုံးဝယုံကြည်စိတ်ချစွာနှင့် သတိထားခြင်းတောင် မရှိဘဲအိပ်ပျော်နေတဲ့ ပုံစံလေးကိုကြည့်ပြီး လုကျွင်းဟန်၏ မျက်လုံးတွေ ပင့်တက်သွားသည်။အသေးလေးက သူ့လက်မောင်းထဲမှာ အိပ်ပျော်ရဲလောက်အောင် သတ္တိရှိတာပဲ။ထိုသတ္တိခဲလေးကတော့ ဝက်ကလေးလို အိပ်နေဆဲဖြစ်သည်။သူ သူမကိုရောင်းစားပစ်လိုက်မှာကို မကြောက်ဘူးလား။

"ဖေဖေ~"

ရုတ်တရက် ကလေးမလေးရဲ့ အဆီတွေနှင့်မျက်နှာလေးက သူ့ပုခုံးနှင့်လည်ပင်းကိုပွတ်သတ်နေသည်။သူမက မျက်လုံးတွေပိတ်ထားပြီး မိန်းမောတွေဝေစွာနှင့် သူ့ကိုခေါ်နေခဲ့သည်။သူမ၏ လက်လေးတွေကလဲ သူ့လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။

လုကျွင်းဟန်က သူ့မျက်ခုံးတွေကိုမြင့်လိုက်သည်။

"ဟင်?"

သူ့အသံကိုကြားရပြီး သူထွက်မသွားဘူးဆိုတာကို သိလိုက်ပြီးနောက် ကလေးမလေးက စိတ်ချသွားသည်။သူမ၏ခေါင်းကို ပုခုံးပေါ်မှာ လဲလျောင်းလိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေလိုက်တော့သည်။

I Become The Villain's Own Daughter 《 Myanmar translation 》Donde viven las historias. Descúbrelo ahora