Chapter 6
အိမ်တော်ထိန်းဟာ သူမရဲ့ ချစ်စရာကောင်းမှုတွေနဲ့ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရပြီး သူနှလုံးသားဟာ အကြောင်းမဲ့ နူးညံ့သွားသည်။
အိမ်တော်ထိန်းက သူ့သမီး ကလေးအရွယ်တုန်းက ပုံစံလေးကို အမှတ်ရသွားသည်။အခုလိုပဲ ရှက်ကြောက်လွယ်သည်။မင်းသမီးလေးလို လှပသည်။ပြီးတော့ သူမရဲ့အသံလေးကလဲ နှစ်လိုဖွယ်ကောင်းသည်။
အိမ်စေတွေနဲ့ ကိုယ်ရံတော်တွေတောင်မှ မနေနိုင်ဘဲထပ်ကြည့်မိသည်။ ကလေးမလေးက အရမ်းကို ကောင်းသည်။သူမအမှားဆိုတာ အားလုံးက သိပေမယ့်လည်း ဘယ်သူကမှ အပြစ်မတင်ရက်ဘူး။
အဲ့ဒီအစား သူမရဲ့ ဖောင်းကားနေတဲ့ ပါးလေးတွေကို နမ်းချင်နေကြသည်။Oh....သူတို့တွေ ရူးနေပြီများလား။
အိမ်တော်ထိန်းရဲ့ ဒေါသတွေလဲလျော့သွားပြီဖြစ်သည်။သူက အကူညီမဲ့စွာ လက်တွေကိုဝေ့ယမ်းလိုက်တော့ လူတွေလဲ ပျောက်ကွယ်သွားသည်။သူက ကလေးမလေးကို ဗီလာ၏ တံခါးဆီကို လိုက်ပို့သည်။
လုလီက သိသိသာသာပဲ ထွက်မသွားချင်ပါဘူး။သူမမှာ နေရဖို့အတွက် နည်းလမ်းတွေ အများကြီးရှိတယ်။ဒါပေမယ့် တကယ်ပဲ သူမနေခဲ့မယ်ဆိုရင် အိမ်တော်ထိန်းကြီးနဲ့ အခြားသူတွေက ဖေဖေဆူတာခံရမည်ကို သူမသိသည်။
"ဟွန့် .... ဘယ်လောက်တောင် ဆိုးသွမ်းတဲ့ အဖေလဲ"
ကလေးမလေးက သွားနေရင်းနဲ့ မနေနိုင်ဘဲ အနောက်ကိုလှည့်ကြည့်နသည်။အိမ်တော်ထိန်းဟာလဲ သနားစရာကောင်းပြီး ထွက်သွားဖို့ ဆန္ဒမရှိတဲ့ ကလေးမလေးကို ကြည့်ပြီး ဝမ်းနည်းနေမိသည်။
ကလေးတွေကိုမနှစ်သက်တဲ့ သခင်လေးကြောင့်သာ မဟုတ်ရင် သူတကယ်ပဲ ဒီကလေးမလေးကို လုအိမ်မှာ ပျိုးထောင်ပေးချင်သည်။ကြည့်ပါဦး ဘယ်လောက်တောင် လှပပြီး ချစ်စရာကောင်းလိုက်လဲ။
နှစ်ယောက်လုံးဟာဗီလာရဲ့ ဂိတ်ပေါက်ကို ရောက်လာသည်။ရုတ်တရက် အိမ်တော်ထိန်းရဲ့ ဖုန်းကလှုပ်ရှားသွားခဲ့သည်။
'သူမကို တစ်ခုခုစားဖို့ ခေါ်သွားလိုက်'လုကျွင်းဟန်က ပို့လာခဲ့သည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.