Chapter 7
အိမ်တော်ထိန်းက အားများများ မစိုက်ထုတ်လိုက်ရဘဲ အစိမ်းနုရောင် စကပ်လေးကို ယူလာခဲ့သည်။သူမဝတ်လိုက်တဲ့ အချိန်မှာတော့ အိမ်တော်ထိန်းကြီးဟာ ကြက်သေသေသွားသည်။
မှန်ထဲက မိန်းမငယ်လေးတွင် နူးညံ့နက်မှောင်တဲ့ ဆံနွယ်တွေရှိပြီး ရေတံခွန်သဖွယ် ပုခုံးပေါ်တွင်ဖြာကျနေသည်။သူမရဲ့ မျက်လုံးတွေက မှတ်တုတ်မှိတ်တုတ်ကြယ်လေးတွေလို တောက်ပနေသည်။စိုပြည်တဲ့အသားရည်နဲ့ ပြည့်ဝိုင်းဝိုင်းပါးတွေကလဲ ဖောင်းကားနေပြီး သေလောက်အောင် ချစ်ဖို့ကောင်းသည်။
အဝတ်အစားကြောင့်လား မသိပေမယ့် သူမကို ကြည့်ရတာ ဒုတိယ သခင်မလေး ငယ်ငယ်တုန်းကနှင့် အနည်းငယ်တူနေသည်ဟု ကွမ်းကျန်း ထင်နေသည်။
"ဦးလေး?"
လုလီက အိမ်တော်ထိန်းကြီးကို သံသယဖြင့်ကြည့်လိုက်သည်။အိမ်တော်ထိန်းက ခေါင်းကိုခါလိုက်ရင်း အဆင်ပြေသည်ဟုပြောသည်။ဒီအကြောင်းကို မစဉ်းစားတော့ဘဲ ကလေးမလေးကို တံခါးဆီသို့လိုက်ပို့ပေးလိုက်သည်။
လုလီကို အပြင်ပို့ပြီးတာနဲ့ မကြာမီစားသောက်ပွဲ စတင်တော့မှာကြောင့် သူ့မှာ ကိုင်တွယ်စရာ ကိစ္စတွေ အများကြီးရှိနေသေးသည်။ထို့ကြောင့် ကြာကြာမနေတော့ဘဲ ဗီလာထဲကိုပြန်ဝင်ခဲ့သည်။
ထိုအချိန်မှာ စားသောက်ပွဲ ခန်းမထဲကို တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြသည်။လက်ထဲတွင် ဖန်ခွက် တစ်ခွက် နှစ်ခွက်လောက်ကို ကိုင်ထားရင်း စားပွဲ ကိုမှီကာ အချင်းချင်း စကားပြောရီမောနေကြသည်။
အိမ်တော်ထိန်းက အစေခံများကို ဧည့်ခံထားရန်မှာကြားကာ အခြားအရာများကို စီစဉ်ပြီး အပေါ်ထပ်ကို တက်ခဲ့သည်။သူစာဖတ်ခန်းကို ဝင်လိုက်တာနဲ့ မျက်နှာကျက်မှ ကြမ်းပြင်ထိရှည်သော ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အောက်ဖက်ကိုကြည့်နေသည့် လုကျွင်းဟန်ကို မြင်လိုက်ရသည်။သူ့မျက်လုံးတွေကတော့ ဘက်မလိုက်ဘဲ တံခါးအပြင်ဘက်ကိုထွက်သွားသည့် အစိမ်းရောင် စကပ်ကိုဝတ်ဆင်ထားသည့် ကလေးမလေးကို ကြည့်နေခဲ့ပုံပေါ်သည်။
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
ŞİMDİ OKUDUĞUN
I Become The Villain's Own Daughter 《 Myanmar translation 》
RomantizmThe story is not mine. It's just a translation. All credit goes to the original author.