Chapter 102: The elephant brother
စုန့်ချင်းဝမ် : "..."
အဖေအိုကြီး : "...."
သူမရဲ့မျက်နှာအပြောင်းအလဲမြန်နှုန်းကတော့ တကယ်ကိုအမြန်ဆုံးပဲ!အခြေအနေအရသာမဟုတ်ရင် သူတို့သူမကို 'အမှိုက်ပုံးထဲက ချိုချဉ်အတွက် ၁၀မိနစ်လောက် ငိုခဲ့တာကို မှတ်မိသေးလား?'လို့မေးလိုက်ချင်တယ်။ဘယ်လိုပဲပြောပြော ကလေးမလေးအချော့ခံရပြီး ဆက်မငိုတော့ကိုကြည့်ကာ စုန့်ချင်းဝမ်နှင့် လူအိုကြီးမှစိတ်သက်သာရာ ရသွားခဲ့သည်။
ဒီကောင်စုတ်မှာ နည်လမ်းတော့ရှိသာဟ!သူတို့ဘာလို့ဒါကိုမတွေးမိရတာလဲ?အမှန်တကယ်တော့ လုကျွင်းဟန်စမ်းကြည့်တာဖြစ်ပြီး ကလေးမလေးကိုတကယ်ကြီးချော့လို့ရသွားမယ်လို့မထင်ထားပေ။သူမအငိုရပ်သွားတော့ အမျိုးသားမျက်နှာပေါ်မှ အေးစက်မှုတွေကလည်း အတော်လျော့ကျသွားသည်။သူ၏တွန့်ကွေးနေသော မျက်ခုံးတွေကအနည်းငယ်ပြေလျော့သွားပေမယ့် အေးစက်စွာမေးလိုက်သေးသည်။
"မင်းဆက်ငိုနေဦးမှာလား?"
"ဟင့်အင်း,မငိုတော့ဘူး။လီလီက လိမ်မာပါတယ်"
ကလေးမလေးက ခေါင်းကိုပြင်းပြင်းထန်ထန်ခါနေခဲ့ပြီး အာမခံဖို့အတွက်သူမလက်တွေကို မြှောက်လုနီးပါးပင်။သူမ၏မျက်လုံးကြီးတွေက မျက်ရည်ကြောင့်စိုစွတ်နေကာ ကြည်လင်နေ၏။သူမ၏ ရှည်လျားသောမျက်တောင်မွှေးလေးများကလာ်း ပုတ်ခက်ပုတ်ခက်နှင့် ဘယ်လောက်ချစ်စရာကောင်းနေသလဲဆိုတာ ဖော်ပြရန်ပင်မလိုပေ။
မင်း နတ်ဆိုးတစ်ကောင်လိုငိုကြွေနေမယ်ဆိုရင် ဘယ်သူမှမင်းကိုမဖြောင်းဖျနိုင်ဘူး။ဒါပေမယ့် မင်းအငိုတိတ်သွားမယ်ဆိုရင်တော့ နတ်သမီးတစ်ပါးဝင်စားသလိုဖြစ်သွားလိမ့်မယ်။စုန့်ချင်းဝမ်၏ နှလုံးသားကနူးညံ့သွားပြီး ကလေးမလေး၏ခေါင်းကိုပုတ်ကာ ပျော်ရွှင်စွာပြောသည်။
"ခနနေရင် အန်တီမင်းကို လျှောက်လည်ဖို့ခေါ်သွားပေးမယ်နော်"
"အန်တီကခေါ်သွားပေးမှာလား?ဒါဆိုဖေဖေရောသွားမှာလားဟင်"
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
KAMU SEDANG MEMBACA
I Become The Villain's Own Daughter 《 Myanmar translation 》
RomansaThe story is not mine. It's just a translation. All credit goes to the original author.