Chapter 103 : The lonely little Luli
ဒီလို**လော့ဂျစ်မျိုး ကလေးမလေးခေါင်းထဲ ဘယ်သူရိုက်ထည့်ထားသလဲ သူမမသိပေမယ့် တည်တည်ငြိမ်ငြိမ်ပဲရှင်းပြလိုက်သည်။
"သမီးဖေဖေက ကလေးမဟုတ်တော့ဘူး။သူကအရွယ်ရောက်နေပြီ။ကလေးငယ်တွေဆိုတာက ပုံမှန်ဆို ၁၀နှစ်အောက်လေးတွေ...အင်း ဒီလိုပြောကြတာပေါ့။လီလီအရပ်လောက်လေးတွေကို ကလေးလို့ခေါ်တာ"
"ကိုကိုXiubai ကလည်း ကလေးပဲပေါ့?"
ကလေးမလေးကိုကြည့်ရတာ နည်းနည်းလောက်နားလည်လာပုံပေါ်ပြီး သူမ၏မျက်လုံးလေးတွေကို ပုတ်ကာ နူးညံ့သည့်အသံလေးနှင့်မေးလေသည်။သူမရုတ်တရက်ကြီး ဘာကြောင့် Pei Xiubai အကြောင်းပြောရသလဲဆိုတာ စုန့်ချင်းဝမ်နားမလည်ပေမယ့်လည်း အမှန်အတိုင်းပြောပြလိုက်သည်။
"ဒါပေါ့!သူလည်း ကလေးပဲလေ"
"ကောင်းလိုက်တာ!ဒါဆို လီလီဖေဖေနဲ့မထိုင်တော့ဘူး။ကိုကို Xiubai နဲ့ပဲထိုင်တော့မယ်"
ကလေးမလေးက ပျော်ရွှင်စွာနှင့် အားခဲထားလိုက်သည်။စုန့်ချင်းဝမ်က အေးခဲသွားသည်။
"ခနလေး,လီလီက ဘယ်သူနဲ့ထိုင်ချင်တာ?"
"ကိုကို Xiubai လေ"ကလေးမလေး၏ မျက်လုံးတွေက အနည်းငယ်ရှုပ်ထွေးနေပုံရသည်။
"အန်တီပြောတာ ကိုကိုXiubai ကလည်းကလေးပဲဆို?""အန်တီပြောခဲ့ပေမယ့် မင်းလေးရဲ့ကိုကိုကဒီမှာမရှိဘူးလေ..."စုန့်ချင်းဝမ်က ရယ်လိုက်သည်။
"ဒါကြောင့် နောက်တစ်ခေါက်မှပဲ သူနဲ့တူတူထိုင်လို့ရမှာ"အင်း...နောက်တစ်ခေါက်ဆိုတာသာ ရှိခဲ့ရင်ပေါ့လေ။သိသိသာသာကိုပဲ လုကျွင်းဟန်က ဒီလယ်ဗယ်ကိုကျော်ဖြတ်ခွင့်ပေးမှာမဟုတ်ဘူး။ကလေးနှစ်ယောက် ဆင်ပေါ်မှာအတူတူထိုင်ချင်တယ်ပေါ့လေ အိပ်မက်သာမက်နေလိုက်!
"ကိုကို ရှိတယ်" လိုလီတာလေးက တောက်ပသည့်မျက်လုံးလေးတွေနှင့် လေးလေးနက်နက်ပြောလိုက်သည်။
"ကိုကိုက အခုတိရစ္ဆာန်ရုံရဲ့ ဂိတ်ပေါက်မှာ လီလီတို့ခနလောက်စောင့်ကြမလားဟင်?"
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.