62.

4.5K 757 8
                                    

Chapter 62: The old man jumping around (2)


ကလေးမလေးက ယုန်လေးတစ်ကောင်လိုသူမ၏ခုံပေါ်မှ ခုန်ထလိုက်ပြီး သူမ၏မျက်နှာမှာတော့ အံ့ဩမှုတွေနှင့်အတူ ပျော်ရွှင်မှုတွေရှိနေသည်။သူမက ထိုနေရာသို့သွားပြီး အဖိုးကို
'ဟယ်လို'လို့နှုတ်ဆက်ချင်နေသည်။သို့သော်လည်းသူမ,ထထချင်းမှာပဲ စုန့်ချင်းဝမ်၏ အနောက်သို့ပြန်ဆွဲထားတာကို ခံလိုက်ရသည်။



"အန်တီ???"



စုန့်ချင်းဝမ်က ကလေးမလေး၏တောက်ပနေသော မျက်လုံးလေးတွေကိုကြည့်ပြီး ခနလောက်ရပ်နေပြီးနောက် အကြောင်းပြချက်ရှာလိုက်သည်။



"မသွားနဲ့ ဖိုးဖိုးက အကြောင်းအရာတစ်ခုခုကို စဉ်းစားနေတာ အန်တီတို့သွားမနှောက်ယှက်တာ ပိုကောင်းလိမ့်မယ် ။မဟုတ်ရင် ဖိုးဖိုးက စိတ်ဆိုးလိမ့်မယ်!"



ဒါကိုကြားတော့ ကလေးမလေးက ထိုင်ခုံမှာ နာခံမှုရှိစွာဖြင့် ပြန်ထိုင်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။



"အိုကေ..ဒါဆို သမီးမသွားတော့ဘူး။လီလီက ဖိုးဖိုးကို စိတ်မဆိုးစေချင်ဘူး..."




စုန့်ချင်းဝမ်က သူမ၏နာခံမှုရှိသည့်ပုံလေးကိုကြည့်လိုက်ပြီး ခေါင်းလေးကိုပွတ်ပေးလိုက်ကာပြုံးပြီးနောက်မဆွဲထားတော့ဘဲ သူမကိုငုံ့ကာနမ်းလိုက်သည်။



"ဘေဘီလေး!အို...ဒါနဲ့အန်တီတို့ပြောနေတာ ဘယ်ရောက်သွားပြီလဲ?"




ကလေးလေးက ခနလောက်စဉ်းစားလိုက်ပြီးနောက်ပြောသည်။





"အန်တီပြောနေတာက ဖေဖေသုံးနှစ်အရွယ်တုန်းက ရန်ဖြစ်တဲ့အကြောင်းလေ...."





"ကောင်းပြီ....ကောင်းပြီ.....အန်တီမှတ်မိပြီ"





စုန့်ချင်းဝမ်၏ နှုတ်ခမ်းကတွန့်သွားပြီးနောက် သူမကပြုံးကာပြောသည်။




"မင်းဖေဖေက ငယ်ငယ်ထဲက နားနားနေနေကို မနေတာ....အဲ့ဒီအချိန်တုန်းက သူကသုံးနှစ်ပဲရှိသေးပေမယ့် ခြောက်နှစ်ကလေးကို ရိုက်ပစ်တာလေ...ပြောရရရင်သူကအဲ့တုန်းက သူကအရပ်တော်တော်ရှည်နေပြီ... သူ့မျက်စိထဲမှာ........."



I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now