Julyလအကုန်မှာတော့ Hai Chengမြို့ ဟာတရားဝင်ပဲ နွေရာသီသို့ ကူးပြောင်းလာခဲ့လေပြီ။တိုက်ခတ်နေသော လေထဲတွင်လည်း အပူလှိုင်းလုံးကြီးက ပါဝင်နေခဲ့သည်။လေထဲမှ အပူချိန်ကလဲ လူတစ်ယောက်လုံးကို အရှင်လတ်လတ် ကင်လိုက်လို့ပင်ရနေချေပြီ။
မဝေးလှတဲ့လမ်းကြိုလမ်းကြားလေးထဲမှာ သူတောင်းစားငယ်လေး ငါးယောက်ခြောက်ယောက်လောက်က ဆာလောင်နေတဲ့ဝံပုလွေတွေလို ပြေးလွှားနေပြီး မြေပြင်ပေါ်မှာစွန့်ပစ်ထားတဲ့ အစားအသောက်အတွက် အလုအယှက်ကြိုးပမ်းနေကြသည်။ အချို့များဆိုလျှင် အချင်းချင်းပင် လုံးထွေးသတ်ပုတ်နေကြသည်။
ယှဉ်ကြည့်မယ်ဆိုရင်ဖြင့်.. သူမနံဘေးကနံရံကိုမှီထားပြီး ဆုတ်ပြတ်နေသည့် အဝတ်အစားကိုဝတ်ဆင်ထားသည့် Loliလေးက ပို၍တိတ်ဆိတ်ပြီး ယဉ်ကျေးသိမ်မွေ့ပုံပေါ်သည်။
အမှန်ဆိုရင်ဖြင့် သူမဟာ ခနတာ ကြက်သေသေနေခြင်းဖြစ်သည်။
ပူလောင်လွန်း၍ ချွေးတွေကလဲ နဖူးပေါ်မှတတောက်တောက်နှင့်ကျနေသည်။ လုလီမြေပြင်ပေါ်မှာ မျက်လုံးအပြူးသားနှင့် ထိုင်နေမိသည်။ ရှည်လျားလှသည့် မျက်တောင်မွှေးများက ငှက်မွေးသဖွယ် ငိုက်ဆင်းနေပြီး သူမရဲ့ သေးငယ်ပြီး ညစ်ပတ်နေသည့်လက်ကို အမူရာမဲ့စွာနဲ့ မှင်သက်စွာကြည့်နေမိသည်။
အချိန်အတော်ကြာတော့ သူမတုံ့ဆိုင်းစွာနဲ့ဘဲ သူမရဲ့ဘယ်ဖက်လက်ချောင်းလေးတွေကို ဆန့်လိုက်ရင်း ညာဖက်လက်ဖဝါးလေးကို ဂရုတစိုက်နဲ့ ပုတ်လိုက်သည်။ အောက်ကအရေပြားလေးရဲ့အထိအတွေ့က နူးညံ့တယ် အသားလေးတွေနဲ့ ပြီးတော့
အတုမရှိတဲ့လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်လည်းရှိသည်။နွေးထွေးတယ် ပြီးတော့ နွေးထွေးတယ်။ငါးတစ်ကောင်လို အေးစက်နေတာမဟုတ်ဘူး။
လုလီကသူမရဲ့မျက်ဝန်းနက်နက်လေးတွေကို အနည်းငယ် မယုံကြည်စွာနဲ့ ရွှစ်ခနဲမြည်အောင်ပင့်လိုက်သည်။ပြီးတော့ ရုတ်တရက် လက်ကလေးတွေနဲ့ သူမရဲ့သေးငယ်တဲ့ ပါးစပ်ကလေးကို အံ့ဩတကြီးပိတ်လိုက်သည်။
"ဘုရားရေ ငါ..ငါ ငါ..ငါတကယ်ပဲ ဖေဖေ့ရဲ့သမီးပြန်ဖြစ်လာခဲ့ပြီ"
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.