^-^❣Gp မှာ အပိုင်း100 ကျော်သွားပါပြီနော်
Chapter 92 : Is all right
ကံကောင်းစွာနဲ့ ကားကကျယ်ဝန်းတာကြောင့် ပစ်ထုတ်ခံလိုက်ရတဲ့အချိန်မှာ အများကြီး မနာသွားပေ။သူမက ထိုင်ခုံပေါ်မှာ ဘေးစောင်းလေးထိုင်နေသည်။သူမအဖေ၏ ခိုင်မာသော သဘောထားကိုမြင်လိုက်ရတော့ လျစ်လျူသာရှုထားလိုက်တော့သည်။သူမ၏သေးငယ်သော အညိုရောင်သားရေဖိနပ်လေးက သူမအဖေ၏ဘောင်းဘီကိုကန်နေပြီး အကြိမ်အနည်းငယ်လောက် ထိုအပေါ်နင်းလိုက်သေးသည်။ဒါပေမယ့်လည်း ဖေဖေက သူမကိုဂရုမစိုက်သေးပေ။
ကလေးမလေးက စိတ်ဆိုးစွာနဲ့ ပါးဖောင်းလိုက်ပြီးနောက် သူမ၏ပါးစပ်ကိုဖွင့်ကာ အလောတကြီးအဖေ့ကိုကိုက်ရန်ပြင်တော့သည်။
"မကောင်းတဲ့ဖေဖေ!ဖေဖေက လီလီကို ဂရုမစိုက်ဘူးဆိုတော့ လီလီလည်း ဖေဖေ့ကို ဂရုမစိုက်တော့ဘူး။ဟွန့်!"
ဒီကြိုးစားမှုမှာ အမျိုးသားက သူ့မျက်လုံးတွေအေးစက်စွာ မှေးကျဉ်းလိုက်ရုံသာရှိပြီး ထူးခြားလာခြင်းမရှိပေ။ကလေးမလေးကို သူ၏သန်မာသောလက်မောင်းအားဖက်ပြီး တစ်တိတိဝါးနေစေရန်သာ လွတ်ထားလိုက်သည်။သူမမှာတော့ သားရေများပင်ကျလာပေမယ့် ထိုအမျိုးသားကတော့ ပြတင်းပေါက်အပြင်ဖက်ကိုသာ မျက်နှာမူထားပြီး အကြည့်တစ်ချက်လေးတောင် မပေးလာခဲ့ချေ။ကလေးမလေးက အဖေ၏လက်မောင်းကိုဖက်ထားပြီး အလွန်မှားယွင်းနေသလိုခံစားနေရသည်။
စုန့်ချင်းဝမ်က စိတ်ဓာတ်ကျစွာနှင့် ကလေးမလေးကို ဆွဲဖက်လိုက်ရင်း နှစ်သိမ့်သည့်အသံလေးဖြင့် သက်ပြင်းတိုးတိုးလေးချကာ မျက်နှာသေလုကျွင်းဟန်ကို ပြောလိုက်သည်။
"ဟေး,သူမကို အပြစ်မတင်ပါနဲ့။လီလီက ငယ်သေးတယ် ပြီးတော့ ဒါကသူမအမှားမဟုတ်ဘူး။အပြစ်တင်ချင်းတင် အရမ်းကောင်းပြီး ချစ်စရာကောင်းတဲ့အတွက် Pei Xiubai ကိုပဲ အပြစ်တင်ရမယ်။လီလီနမ်းတာကိုထိုက်တန်ဖို့အတွက် လူတွေကအပြင်ဖက်မှာပြေးလွှားနေရဦးမှာ!"
စုန့်ချင်းဝမ်၏ အသံက အကြံအစည်ရှိသည့်အမျိုးသားက အမျိုးသမီးကို ချောင်းမြောင်းလုပ်ကြံခံရဖို့အတွက် အင်္ကျီပါးပါးလေးသာ ဝတ်ရန်ပြောနေသလိုပင်။ပြောပြီးနောက် သူမက ပြုံးကာ ကလေးမလေး၏ အဆီဖောင်းဖောင်း မျက်နှာလေးကို နမ်းလိုက်သည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.