Chapter 15
လုမိသားစုရဲ့ ဗီလာက အရမ်းကိုကြီးမားလွန်းပြီး စာကြည့်ခန်းကနေ လှေကားထစ်တွေရှိတဲ့ ကော်ရစ်တာ အဆုံးကိုရောက်ဖို့အတွက် သုံးမိနစ်လောက်ကြာသည်။
ဒါပေမယ့် လုကျွင်းဟန်လမ်းလျှောက်တာ အရမ်းမြန်တာကြောင့် အချိန်အကြာကြီးမယူလိုက်ရပေ။သူက လှေကားကနေဆင်းသွားရင်း ဟောခန်းကြီးထဲကို ဝင်သွားခဲ့သည်။သူ့ကိုအလုအယှက် စကားပြောချင်နေတဲ့ ဧည့်သည်တွေကို လျစ်လျူရှုပြီး အချိုပွဲတွေထားတဲ့နေရာကို မျက်နှာသေနှင့် သွားလိုက်သည်။
သူကအမြဲတည်ကြည်လေးနက်နေပြီး သူ့ရဲ့အော်ရာကလဲ အရမ်းကြောက်ဖို့ကောင်းသည်။ယခု သူ့မျက်နှာတွင် ရေခဲအလွှာတွေနှင့် ဖုံးနေပြီး လူတွေကိုတသိမ့်သိမ့်တုန်စေကာ အနားမကပ်ရဲအောင် တားမြစ်နေသည်။
သူ၏လက်ရှိအမူရာနှင့်ဆိုလျှင် စကားမပြောပဲနဲ့တောင် ကလေးတစ်ယောက်ကို သေအောင်ကြောက်လန့်စေနိုင်သည်။
သူမျက်လုံးပင့်ပြီး ကြည့်လိုက်တော့ စုန့်ချင်းဝမ်ကို ကိတ်အချိုတွေထားတဲ့နေရာမှာ ထိုင်နေပြီး ကိုယ်ရံတော်နှင့် စကားပြောနေသည်ကိုတွေ့လိုက်သည်။သူမမျက်နှာက ပြုံးရွှင်နေပြီး ကျက်သရေရှိသည့်နှုတ်ခမ်းပါးက အပေါ်ဖက်ကိုကွေးနေကာ စိတ်အခြေအနေကောင်းနေပုံပေါ်သည်။
သူမျက်လုံးပိတ်လိုက်ပြီး တည်ငြိမ်စွာ သွားလိုက်သည်။စုန်ချင်းဝမ်ကလဲ သူ့ကိုမြင်သည်။ဒါကြောင့် သူမရှေ့ကိုရောက်တာနှင့် အပြစ်တင်လိုက်သည်။
"ကောင်ဆိုးလေး , အောက်လေးဆင်းလာဖို့ကို ပြောလိုက်ရတာ..အခု ဆင်းလာတာတောင် ဒေါသထွက်နေတဲ့ မျက်နှာထားလုပ်နေသေးတယ်။အန်တီက တကယ်ပဲ မင်းကို နာကျင်စေပါ့မလား"
သူကဘာမှပြန်မပြောပေ။သူ၏ ကျဉ်းမြောင်းရှည်လျားပြီး နက်မှောင်နေတဲ့ မျက်ဝန်းတွေကို အန္တရာယ်ရှိစွာမှေးကျဉ်းလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ကာလှောင်ပြုံးလိုက်သည်။
"ကျွန်တော့်ကိုဆင်းလာခိုင်းပြီး သမီးလက်ခံခိုင်းမလို့ မဟုတ်လား။အခု သူမကဘယ်မှာလဲ"
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.