Chapter 28 :Bedtime story
"ဘာကိစ္စလဲ?"
ရေချိုးပြီးကာစမို့ လုကျွင်းဟန်၏ အသံက ကွဲအက်နေပြီး အနည်းငယ်စိတ်မရှည်ဖြစ်နေသည်။
"သခင်လေး ခနလောက် ထွက်လာနိုင်မလား"အိမ်တော်ထိန်း၏ အသံကနူးညံ့နေပြီး နှောက်ယှက်မိမှာကို စိုးရိမ်နေပုံပေါ်သည်။
"သခင်လေးကိုယ်တိုင်ကိုင်တွယ်မှရမယ့် ကိစ္စလေးတစ်ခုရှိနေလို့ပါ"
လုကျွင်းဟန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး မျက်ခုံးတွေက စကားမပြောပေမယ့် စိတ်ဆိုးမှုတွေ ရှိနေသည်။သူက လျှောက်လာပြီး အေးစက်စွာမေးလိုက်သည်။
"ဘာကိစ္စ....."
လုကျွင်းဟန်က ရပ်သွားပြီး သူ့ရှေ့က ကြမ်းပြင်ပေါ်တွင်အိပ်ပျော်နေသည့် ဗီလိန်လေးကိုတွေ့လိုက်ရသည်။ကလေးမလေးက ညအိပ်ဝတ်စုံ အဖြူလေးကို ဝတ်ထားဆဲဖြစ်ပြီး သူမကိုကြည့်ရတာ အေးနေပုံပေါ်သည်။
သူမ၏ မျက်တောင်လေးတွေက မျက်ခွံပေါ်သို့ ကျနေပြီး သူမ၏ ဖြူဖွေးနူးညံ့သည့် ပါးလေးတွေက ဖောင်းကာအိစက်နေသည်။သူမ၏ ပါးစပ်သေးသေးလေးက ပွင့်ဟနေပြီး ညင်သာသည့် အသက်ရှူသံလေးကို ထုတ်လွတ်နေသည်။သူမအိပ်နေပုံမှာ နူးညံ့လှပပြီး အရုပ်မလေးနှင့် တူနေသည်။
သူမ၏လက်မောင်းထဲတွင် ခေါင်းအုံးကိုပိုက်ထားပြီး ခေါင်းက တံခါးဘေးရှိ နံရံလေးပေါ်မှီထားကာ တံခါးထောင့်လေးတွင် ကွေးကွေးလေးအိပ်ပျော်နေသည်။
အသေးလေးက အိမ်ယာမဲ့နေသည့် ကြောင်ဖြူလေးကဲ့သို့ ဖြစ်နေသည်။လူတွေက သူမကို မနှောက်ယှက်ရဲဘဲ နှိုးလဲမနိုးရက်ကြပေ။လုကျွင်းဟန်၏ နှုတ်ခမ်းတွေက တင်းကြပ်သွားပြီး ကလေးမလေးက သူနှင့် အတူအိပ်ချင်သည်ဟု အကြိမ်ပေါင်းများစွာပြောနေခဲ့သည်ကို မှတ်မိသွားသည်။သူ ဂရုမစိုက်လိုက်သလို ဘယ်တော့မှ အခြားသူနှင့် အတူအိပ်လေ့မရှိပေ။ကလေးငယ်လေးဆိုရင်တော့ ပြောရန်ပင်မလိုတော့။
သူမက တကယ်ပဲ သူ့သမီးဆိုရင်တောင် ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။အိမ်တော်ထိန်းက နှုတ်ခမ်းကို ဖိထားလိုက်သည်။ဒါကအဖေနှင့် သမီးဖြစ်သည်။လုလီက သခင်လေးနှင့် အိပ်ချင်နေတာကို သူသိသိသာသာကို မြင်နိုင်သည်။သူပါးစပ်ကို ဖွင့်လိုက်သည်။
KAMU SEDANG MEMBACA
I Become The Villain's Own Daughter 《 Myanmar translation 》
RomansaThe story is not mine. It's just a translation. All credit goes to the original author.