Chapter 105 : I will not call him
ခရီးသွားအများစုကလည်း အဲ့ဒါကိုကြည့်ကြီး မနေနိုင်စွာနှင့် ဖုန်းကိုထုတ်ကာ ခလုပ်အနည်းငယ်လောက်နှိပ်ခဲ့ကြပြီး မျက်လုံးထဲတွင် အနီရောင်အသဲပုံလေးများ ထွက်နေတော့သည်။
အရမ်းချစ်ဖို့ကောင်းတာပဲ ဘယ်သူ့သမီးလဲမသိဘူး!
အားးးးချစ်စရာကောင်းလိုက်တာ!
ငါသူမရဲ့ အဆီအိအိပါးလေးကို အားရပါးရ နမ်းပစ်ချင်တယ်!
လုကျွင်းဟန်လည်းပဲ သူ့ဘေးကလူတွေရဲ့အကြည့်ကို သတိထားမိလေသည်။သူမျက်မှောင်ကြုတ်လိုက်ပြီး လီလီထံအေးစက်စက်ပြောလိုက်သည်။
"ဓာတ်ပုံမြန်မြန်ရိုက်လိုက်!""ဟမ့်!ဖေဖေက လီလီ့ကို ကိုကိုXiubai နဲ့ဓာတ်ပုံတူတူမရိုက်ခိုင်းရင် လီလီလည်းဆင်းမလာတော့ဘူး!"
ကလေးမလေးက အပန်းရောင် ယုန်နားရွက်လေးကိုဝတ်ဆင်ထားပြီး စိတ်ဆိုးစွာနှင့် ဆင်၏လည်ပင်းကိုဖက်ထားလိုက်သည်။
"လီလီဖေဖေ့ကို စိတ်ဆိုးနေတယ်!"
လုကျွင်းဟန်က သူမကိုပေါ့ပေါ့ပါးပါးပင်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုပင့်လိုက်သည်။ခန့်ညားချောမောသည့် ပုံပန်းက ရုတ်တရတ်ဆန်စွာ နတ်ဆိုးတစ်ကောင်နှင့်တူလှသည်။
"ကောင်းပြီ။ငါ့ကိုစိတ်ဆိုးအောင်လုပ်ရင် မင်းမှာအဖေရှိတော့မှာ မဟုတ်ဘူးနော်"
လိုလီတာလေးက တုန့်ဆိုင်းသွားပြီးနော် သူ့ကိုမဝံ့မရဲကြည့်လာပြီး သူမ၏လက်သေးသေးလေးကို ဆန့်ထုတ်ကာ အသံတိုးတိုးလေးနှင့်ပြောသည်။
"ဒါဆို...လီလီတစ်ဝက်ပဲစိတ်ဆိုးမယ်လေ"
စုန့်ချင်းဝမ်က ပြုတ်ကျတော့မည့် ယုန်နားရွက်ကိုပြန်တင်ပေးဖို့လာတဲ့အချိန်မှာ ဒါကိုကြားလိုက်ရသည်။
"စိတ်တစ်ဝက်ဆိုးမယ်ဆိုတာ ဘဝရဲ့တစ်ဝက်လုံးလား?"
ထာဝရရှင်သန်နေတာထက် သေသွားတာကကောင်းဦးမယ်။စုန့်ချင်းဝမ်က ကလေးမလေးကိုလက်မလေးထောင်ပြလိုက်ပြီး မျက်လုံးမှိတ်ပြလိုက်သည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.