65.

4.4K 773 26
                                    

Chapter 65: Koi Lili




"ဒီမှာဘာလို့ ငါးတစ်ကောင်ထပ်ရှိနေရသေးတာလဲ?"





ကလေးမလေးက သူမ၏ခေါင်းလေးကိုစောင်းလိုက်ပြီး လှပတဲ့မျက်ဝန်းတွေကတော့ ရှုပ်ထွေးနေပုံပေါ်သည်။သူမကတစ်ချိန်ထဲမှာ အားလုံးကို မတွေးနိုင်သေးပေ။သူမ၏ငါးဖမ်းရာမှာ တော်လွန်းသည့် ကြီးမြတ်လှစွာသောအဖိုးဖြစ်သူက ငါးလေးတစ်ကောင်ဖမ်းမိဖို့အတွက် အချိန်ပေါင်းများစွာကို သုံးလိုက်ရသည်။





စုန့်ချင်းဝမ်ငါးတွေကိုပြန်လွတ်ပေးပြီးနောက် ခြင်းထဲတွင်ဘာမှမရှိတော့တာကြောင့် အစေခံတွေကခြင်းကို ပြန်သိမ်းသွားကြပြီးဖြစ်သည်။ခြင်းတွေကတစ်ပုံစံထဲဖြစ်တာကြောင့် သူမအဒေါ်အမှားလုပ်မိပြီး ငါးတစ်ကောင်ကျန်ရစ်နေခဲ့တာဟု လုလီကထင်လိုက်သည်။





ဒါပေမယ့် အဆင်ပြေပါတယ်။ကံကောင်းစွာနဲ့ သူမတွေ့သွားတယ်လေ...လုလီက ရေတွေနှင့် ခြင်းတောင်းလေးကိုဆွဲကာ ရေကန်အစွန်းသို့လျှောက်သွားပြီး ငါးကိုလွတ်ပေးရန် ရည်ရွယ်လိုက်သည်။ခြင်းထဲတွင်ရေတွေပြည့်နေတာကြောင့် လီလီက ခြင်းကိုရေကန်အစွန်းသို့ ခက်ခက်ခဲခဲ ဆွဲသွားလိုက်ရသည်။လူအိုကြီးက ငါးဖမ်းနေရင်းနဲ့ စုန့်ချင်းဝမ်ကိုဆူနေသည်။






"မင်းက မငယ်တော့ဘူး။ဘယ်လိုဖြစ်လို့ ကလေးနဲ့အတူ ဒီလိုလိမ်ညာပြောဆိုရတာလဲ။ငါထင်တာတော့ ဒီငါးတွေကလဲ ကလေးမလိုပဲ အသုံးမကျဘူး။သူတို့တွေဗိုက်ဆာနေတာကြောင့် အပင်များတဲ့ဒီနေရာကို လာတာနေမှာပေါ့။ဟွန့်...ငါကိုများလိမ်ချင်နေသေးတယ်"





"အဖေ,သမီး......."




ထိုအချိန်တွင် 'ပလုံ' ဆိုသည့်အသံနှင့်အတူ တောက်ပနေသည့် အနီရောင် koiငါးလေးကရေထဲမှထွက်လာပြီး လေထဲတွင် မီးတောက်လေးကဲ့သို့ဖြစ်နေကာ ကလေးမလေးတရွတ်တိုက်ဆွဲလာသည့် ခြင်းထဲသို့ ခုန်ဝင်သွားလေသည်။





လူအိုကြီး : "..."




စုန့်ချင်းဝမ် : "...."




'ပလုံ...ပလုံ...'




ထို့နောက်မှတော့ ရေကန်ထဲမှ အခြားငါးတွေဟာလည်း ကယ်တင်ရှင်ကြီးကို တွေ့သွားသကဲ့သို့ လိုလီတာလေး၏ ခြင်းထဲသို့ အလုအယက်ခုန်ဝင်နေကြပြီး မသိလျှင် ချက်ချင်းပဲ ငရဲကလွတ်မြောက်တော့မလို ဖြစ်နေသည့်ပုံပေါ်နေသည်။






I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now