Chapter 34:Persian cat
ရွှီးစီယဲ့၏ မျက်နှာတွင် အနက်ရောင်လိုင်းတွေနှင့်ပြည့်နေသည်။အဖေနဲ့သမီး တစ်ယောက်ချင်းစီက ဘယ်လိုတောင် မယုံကြည်နိုင်စရာကောင်းတာလဲ!
ရွှီးစီယဲ့၏ နင်နေသော အမူအရာနှင့် ယှဉ်လိုက်လျှင် လုကျွင်းဟန်၏ မျက်နှာ အများကြီးမပြောင်းလဲသွားပေ။အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ သူက ရွှီးစီယဲ့ဖက်သို့လှည့်ကာပြောသည်။
"သုံးနှစ်"
"မဟုတ်ဘူး ,အသက်သုံးနှစ်မဟုတ်ဘူး!"
လိုလီလေးက သူရှင်းရှင်းလင်းလင်းမကြားလိုက်တာဟုထင်တာ
ကြောင့် သူ၏ဘောင်းဘီလေးကိုဆွဲပြီး စိတ်ပူစွာနှင့်ပြောသည်။"ဖေဖေ,အဲ့တာက 300ပါ ,3မဟုတ်ဘူး။ဖေဖေမှားပြီး ကြားတာ!"
သူမအသက်သုံးနှစ်တုန်းက ဝတုတ်နေတဲ့ ငါးဘောလုံးလေးသာသာပဲ ရှိသေးတယ်။လုကျွင်းဟန်က သူမကိုလျစ်လျူရှုလိုက်ပြီး မေးရိုးကိုပင့်လိုက်ကာ မပြောင်းလဲသည့် မျက်နှာနှင့်ပြောသည်။
"သုံးနှစ်လို့ရေးလိုက်"
"..."
အိုကေ, သုံးနှစ်ဆိုလဲ သုံးနှစ်ပေါ့။ ဘာပဲဖြစ်ဖြစ် သူမဖေဖေတောင်မှ နှစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတာပဲဟာ။
နောက်ဆုံးတော့ အခြေခံအချက်အလက်တွေဖြည့်ပြီးနောက် စစ်ဆေးမှုအဆင့်တွေကို စတင်လိုက်သည်။စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေက ကိစ္စကြီးတစ်ရပ်တော့မဟုတ်ပေ။ကလေးမလေးက အကောင်းမြင်တတ်ပြီး ကြင်နာတတ်ကာ ယဉ်ကျေးသည်။သူမ၏ စိတ်ကျန်းမာရေးကလည်းကောင်းမွန်သည်။
တိုက်ခိုက်ချင်ပြီး သတ်ဖြတ်ချင်နေသည့် စရိုက်အတွက်တော့ ရွှီးစီယဲ့ ရှာဖွေလို့မတွေ့ပေ။သူက ကလေးတွေလက်ခံနိုင်သည့် အတိုင်းအတာထဲတွင်ရှိသော တိုက်ပွဲတွေနှင့် ပက်သက်သည့် အကြောင်းအရာများကိုပြသခဲ့သည်။လိုလီတာလေးက လုံးဝစိတ်မဝင်စားခြင်းမရှိခြင်းဖြစ်သည်။
ထို့နောက် လုကျွင်းဟန်၏ စကားများကို အခြေခံပြီးနောက် စာကြည့်ခန်းမှ အခြေအနေနှင့်တူညီသည့် ဇာတ်လမ်းကိုရှာဖွေခဲ့သော်လည်း ကလေးမလေးက များများစားစား ခံစားချက်ရှိပုံမပေါ်ပေ။

ESTÁS LEYENDO
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.