67.

4.4K 865 24
                                    

Chapter 67: Provocation


အရင်တုန်းက လူအိုကြီးငါးဖမ်းဒီလောက်မြန်တာကို လုကျွင်းဟန်မမြင်ခဲ့ဖူးပေ။သူဒီအကြောင်းစဉ်းစားလိုက်တော့ သေချာပေါက် အသေးလေးနှင့် ပက်သက်မှုရှိကို ရှိရပေမည်။သို့သော်လည်း လုကျွင်းဟန်က လုကျွန်းဟန်ဖြစ်ဖို့ ထိုက်တန်လေသည်။စကားတစ်လုံးထဲနှင့်
ပြောရရင်တော့ တစ်ချက်ထဲနှင့်လူအိုကြီး၏ အရှိုက်ကိုထိသွားတော့သည်။သူငါးမျှားခဲ့တဲ့ တစ်လျှောက်လုံး ဘယ်သောအခါကမှ ဒီနေ့လောက်မပျော်ရွှင့်ခဲ့ဖူးပေ။သူ လုလီနှင့်ငါးဖမ်းခြင်း၏ပျော်ရွှင်မှုကို မြည်းစမ်းခဲ့ပြီးပြီဖြစ်တာကြောင့် အရင်ရက်တွေလို နာရီဝက်ကျော်ကြာ ငါးမျှားခိုင်းမည့်အစား သူ့ကိုသတ်လိုက်တာက ပိုကောင်းသေးသည်။





အထူးသဖြင့်... သူနေ့တိုင်းအမြဲငါးမျှားလေ့ရှိတာကြောင့် တစ်နေ့မမျှားရလျင် သူတစ်ကိုယ်လုံးယားယံနေလိမ့်မည်။ဒီနေ့အတွက် လုံလောက်သွားရင်တောင်မှ မနက်ဖြန် သေချာပေါက်ဆက်မျှားရဦးမည်။တကယ်လို့ ကလေးမသာမရှိဘူးဆိုရင်.......



လူအိုကြီး : "..."



စိုးရိမ်မနေနဲ့!



သူ့မှာ အဖိုးတန် မြစ်လေးရှိသေးတာပဲ!သူ့မြစ်လေးက လည်းပဲ နှစ်သက်စရာကောင်းတဲ့ကလေးဖြစ်ပြီး ကလေးမထက်တောင် ငါးလေးတွေကိုပိုပြီးဆွဲဆောင်နိုင်ဦးမယ်....လုချီက လူအိုကြီးကိုဖက်ထားပြီး ဘယ်သူမှ ဂရုမစိုက်ချိန်တွင် လုလီကိုကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင်ကကော့တက်သွားကာ တမင်တကာဆွပေးသော အမူအရာဖြင့် ပြုံးလိုက်သည်။သူ့အဖေ Lu Tianhua ကအရာအားလုံးကို သူနှင့်သူ့အမေကို ပြောပြပြီးဖြစ်သည်။ဒီကလေးလေးက သူ့ဆီကနေ အဖိုးကို လုယူချင်နေတယ် ..ဟွန့် ...အိပ်မက်ပဲမက်နေလိုက်လိုက်!!





အဖိုးက သူတစ်ယောက်ထဲကိုသာ ချစ်ရမည်!!ကလေးမလေးက သူမအကိုပြုံးပြတာကိုမြင်တော့ သူ့မ၏မျက်လုံးတွေကို ပုတ်ခတ်ကာ ခနလောက်ခေါင်းလေးစောင်းကာ စဉ်းစားပြီးနောက် ကြီးမား တောက်ပသည့်အပြုံးကြီးဖြင့် ပြန်ပြုံးပြလိုက်သည်။မေမေပြောတာက... ငါးတစ်ကောင်အနေဖြင့် သူမယဉ်ကျေးမှုရှိရမည် မရိုင်းရပေ...




I Become The Villain's Own Daughter 《 Myanmar translation 》Tempat cerita menjadi hidup. Temukan sekarang