Chapter 96
စုန့်ချင်းဝမ် : "..." ဒါကတကယ့်ကို အချည်းနှီးသေတာမဟုတ်ဘူး။ဒါက သောက်ကျိုးနည်း မွှေးမွှေးကြိုင်ကြိုင် ကြွတ်ကြွတ်ရွရွနဲ့သေဆုံးခြင်းပဲ!!
ထိုအချိန်မှာ ငါးသိချင်နေတဲ့တစ်ခုတည်းသောအရာက ကလေးမလေးသာ သူ့ကိုဒီလိုဆက်ကိုင်ထားဦးမယ်ဆိုရင် နောက်စက္ကန့်အနည်းငယ်လောက်မှာ သူအသက်ရှင်နိုင်ဦးမလားဆိုတာပါပဲ။အမှန်တကယ် ကလေးမလေးရဲ့ မျက်လုံးထဲမှာတော့ သူမကငါးကိုသတ်လိုက်တာပါပဲ။ဒီတော့ ဘယ်လိုပဲပြောပြော ငါးကသေရမှာပဲ။လျော်ကြေးအနေနဲ့ သူမကဒီငါးကို အရသာအရှိဆုံးဖြစ်စေချင်တယ်။ငါးက အဖိုးမဲ့စွာ သေသွားရတာမျိုး သူမလုံးဝဖြစ်စေမှာ မဟုတ်ဘူး။
ဒီလို ဦးနှောက်ပတ်လမ်းမျိုး,သာမာန်လူတွေ ဘယ်လိုမှ ဒီနည်းလမ်းကို စဉ်းစားနိုင်မှာ မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ပါ,ကလေးမလေး ဝမ်းမနည်းနေသ၍ပေါ့။စုန့်ချင်းဝမ်၏ စိတ်ပူမှုတွေပျောက်ဆုံးသွားတာကို စိတ်အားငယ်စွာနှင့် ပြန်လာသော အိမ်စေကတွေ့တော့ တစ်စုံတစ်ခုကြီးကြီးမားမားများ ဖြစ်သွားသလားဆိုပြီး ထိတ်လန့်စွာ မေးလိုက်သည်။
"မဒမ်စုန့်,သခင်မလေးနဲ့ပက်သက်ပြီး တစ်ခုခုများဖြစ်လို့လားခင်ဗျာ..."
"သူမအဆင်ပြေပါတယ်!" စုန့်ချင်းဝမ်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး နဖူးကိုပွတ်လိုက်ကာ သူမလက်တွေကို အားနည်းစွာ ယမ်းလိုက်သည်။
"အဲ့ဒီငါးကို ဂရုစိုက်လိုက်!ညကျရင် ငါးကို မွှေးမွှေးကြိုင်ကြိုင်လေးဖြစ်အောင်ကြော်ဖို့ သတိရဦး"
အိမ်စေ : "???"
ညအချိန်၌ မွှေးကြိုင်နေသည့် ငါးဟင်းနှင့်အတူ ကလေးမလေးက ထမင်းသုံးပန်းကန်ကို မျက်ရည်နဲ့မျက်ခွက်နဲ့စားခဲ့သည်။သူမစားနေစဉ် ငိုကြွေးနေပြီး မျက်ရည်တွေကျနေကာ နှာတစ်ရှုတ်ရှုတ်ဖြစ်နေ၏။လူတွေကို လူကြမ်းကြီးဖြစ်စေပြီး သူမငါးလေးကို အလကားသေသွားတာ မဖြစ်စေရဘူးလို့ပြောနေသေးသည်။
နောက်ဆုံးမှာတော့ ရှည်လျားသော အလယ်ရိုးတစ်ခုသာကျန်တော့သည်အထိစားနေခဲ့ပြီး စုန့်ချင်းဝမ်သာ မတားခဲ့ရင် သူမငါးအရိုးကိုမှာ မြိုပစ်ဖို့ အစီအစဉ်ရှိပုံပေါ်သည်။ဘယ်လိုအမုန်းတရားတွေရှိလို့ အခြားသူရဲ့အရိုးကိုတောင် အလွတ်မပေးနိုင်ရတာလဲ?ပြာမှုန်တစ်ခုလိုပဲ သူမအဲ့ဒီငါးကို ကမ္ဘာပေါ်ကနေ အပြီးအပိုင် ပျောက်ကွယ်သွားစေချင်တာဖြစ်သည်။ဒါက အရမ်းရက်စက်လွန်းတယ်!
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
VOUS LISEZ
I Become The Villain's Own Daughter 《 Myanmar translation 》
Roman d'amourThe story is not mine. It's just a translation. All credit goes to the original author.