Chapter 69: Don't be upset
ဘေးမှာရှိနေသည့် Liu Huilan ကဒီစကားတွေကိုကြားတော့ Chen Susu နဲ့ Lu Tianhua ရဲ့ နားရွက်ကိုဆွဲပြီး ဒီငတုံးနှစ်ကောင်လုံး သေသွားအောင်ကို ဆူဆဲချင်နေမိသည်။စုန့်ချင်းဝမ်ဆိုတာ ဘယ်သူလဲ?သူတို့စားထားတဲ့ ထမင်းအရေအတွက်ထက်တောင် ပိုစောပြီး ကမ္ဘာကြီးပေါ်ကိုရောက်လာပြီး နည်းလမ်းပေါင်းသောင်းခြောက်ထောင်ရှိသူ ဖြစ်သည်။သူမနဲ့တိုက်ခိုက်တာက အသက်မရှင်ချင်တော့လို့ပဲဖြစ်မယ်။အခုကြည့်ပါဦး... ကြုံရာစကားအနည်းငယ်လောက်နဲ့ အားလုံးကို တစ်ခါတည်း မြောင်းထဲဆွဲချသွားပြီ။
အတိတ်မှာတုန်းက Liu Huilan ကစုန့်ချင်းဝမ်နဲ့ ငြိမ်းချမ်းရေးယူချင်လို့မဟုတ်ဘဲ အနည်းဆုံးတော့ ရန်သူများတာထက် မိတ်ဆွေများသည်က ပိုကောင်းသည် မဟုတ်ပါလား။အခုတော့ စုန့်ချင်ဝမ်ရဲ့ဒေါသကတော့ တည်ငြိမ်နေပေမယ့် သူ့မြေးရဲ့ သွေးပူလွယ်တဲ့
ပုံက လူအိုကြီးနဲ့ လုံးဝကိုတူလွန်းသည်။အဆိပ်ပြင်းသည့်လျှာက တကယ်ပဲ ရင်ဆိုင်ရန်ခက်ခဲလွန်းသည်။စုန့်ချင်းဝမ်၏ မျက်လုံးတွေက စူးရှလွန်းပြီး ဘယ်အရာကိုမှ သူမမျက်စိရှေ့မှ မဖုံးကွယ်နိုင်ပေ။စုန့်ချင်းဝမ်က Liu Huilan တစ်ယောက်အတွေးလွန်နေသည်ကို တွေ့လိုက်သည်။စကားခနလောက်ဆက်ပြောနေပြီး စုန့်ချင်းဝမ်ကသူမကိုလုံးဝမျက်နှာသာမပေးပေ။
နောက်ဆုံးတော့ သူမစိတ်အနှောက်အယှက် ဖြစ်လာရပေမယ့်လည်း သူမကမတုံးပေ။ဒါကြောင့် စုန့်ချင်းဝမ်ကို မဆန့်ကျင်ရဲဘဲ လျစ်လျူရှုထားရန်သာ တတ်နိုင်တော့သည်။အခုလေးတင် Lu Tianhua နှင့် စုန့်ချင်းဝမ်တို့ တစ်ယောက်နှင့် တစ်ယောက် သတ်နေကြသည်ကို ရပ်တန့်ချင်ပေမယ့်လည်း သူတို့ပြောကြတာ အရမ်းမြန်လွန်းတာကြောင့် နောက်ကျသွားလေပြီ။အခုတော့ ကျဉ်ဆန်က ပစ်မှတ်ကိုတိုက်ရိုက်ထိသွားပြီဖြစ်ပြီး သူမနှလုံးသားထဲတွင် စိုးရိမ်ကြောင့်ကြနေရတော့သည်။Chen Susu ကကျော်ကြားသည့်မိသားစုမှဖြစ်သော်လည်း သူမမိသားစုက လုမိသားစုလောက် မကျော်ကြားတာကြောင့် သူမလုမိသားစုကိုတိုက်ခိုက်ချင်ရင်တောင် မဖြစ်နိုင်ပေ။လုကျွန်းဟန်က ချဉ်းကပ်ဖို့အရမ်းကို ခက်ခဲပြီး ရန်သွားစဖို့ သူမ,မဝံ့ရဲပေ။ပြီးတော့ Lu Tianhua ကလုမိသားစုဝင်ဖြစ်တာကြောင့် လူအိုကြီးက သူ့မြေးကိုတော့ ပစ်မထားလောက်ပါဘူး။ဒါကြောင့်ပဲ သူမ Lu Tianhua ကိုလက်မထပ်ခင်အများကြီး တွက်ချက်ခဲ့ရတာဖြစ်သည်။
![](https://img.wattpad.com/cover/281240029-288-k809446.jpg)
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.