Chapter 13
"...."
"ငါမေးပြီးသွားပြီ။သူမရဲ့မိသားစုက သူမကို မလိုချင်ဘူး။ငါသူမရဲ့ စဉ်းလဲတဲ့အဖေကိုရှုင်းပြီးတာနဲ့ မင်းကိုပေးပြီး ပျိုးထောင်ခိုင်းမလို့ စီစဉ်ထားတယ်။ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လုမိသားစုက အစားအသောက်အနည်းငယ်အတွက်တော့ မချို့တဲ့ပါဘူး"
စုန့်ချင်းဝမ်ကအမြဲတမ်း အထက်စီးဆန်ခဲ့တာဖြစ်သည်။သူမဘယ်တုန်းကမှ အကျင့်သိက္ခာကောင်းတာမကောင်းတာကိုစဉ်းစားမနေဘူး။နောက်ဆုံးတော့ သူမမျက်လုံးထဲဝင်နိုင်တဲ့ ကလေးမလေးကိုတွေ့ပြီးမှတော့ အခြားသူကို မပေးနိုင်တော့ပါဘူး။
သူမရဲ့မိသားစုက ကောင်းကောင်းမဆက်ဆံမှတော့ သူမ(စုန့်ချင်းဝမ်)ဘာသာပဲခေါ်ပြီး ပျိုးထောင်လိုက်တာကပိုမကောင်းဘူးလား။
ဘာပဲဖြစ်ဖြစ် ငွေနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိဘူး။အဓိကက လုကျွင်းဟန်ပဲဖြစ်သည်။ကောင်စုတ်လေးက သူ့ပါဝါကိုသုံးပြီး အခြားသူတွေကို ဖိနှိပ်သည်။သူမက မိန်းမငယ်လေး တစ်ယောက်ပါပဲ။သူမဝင်မလာနိုင်ဘူးဆိုတာကို မယုံဘူး။
လုကျွင်းဟန်က စိတ်မရှည်တော့ပါဘူး။
"ခေါင်းမာတဲ့ ကလေးတွေကို အိမ်ကိုခေါ်မလာပါနဲ့။ကျွန်တော် မိဘမဲ့ဂေဟာ ဖွင့်ထားတာမဟုတ်ဘူး""ဘယ်လိုတောင် မဆီလျော်တာလဲ။မင်းက နဲနဲလေးတောင်ဆီလျော်မှုမရှိဘူး။တကယ်လို့ မင်းငါ့ရဲ့မြေးမလေးကို ဒီလိုပုံမျိုးနဲ့ မဖြစ်စလောက်ဆက်ဆံရဲရင် ငါမင်းနဲ့မပြီးဘူး။ငါပြောတာကို ကြားလား"
အဲ့ဒီလူက တံခါးကနေတောင် ဝင်မလာရသေးဘူး။သူမက ကာကွယ်ပေးနေပြီ။မြေးမလေးလို့တောင် ခေါ်နေသေးတယ်။သူရော အနာဂတ်မှာရှိပါဦးမလား။
ပြဿနာအိုးမှင်စာလေးက အိမ်ထဲမှာပြေးလွားနေပြီး သူ့ကိုအဖေလို့ခေါ်နေတာကို တွေးမိရုံနဲ့တင် သူ့အမူအရာက ရှုံ့တွနေပြီဖြစ်သည်။
"အဒေါ်က မိန်ကလေးတွေကို အမုန်းဆုံးမဟုတ်ဘူးလား"
ပြောပြီးတဲ့နောက်မှာ သူ,အရင်မြင်ခဲ့တဲ့ သနားစရာမျက်နှာငယ်လေးကိုပြန်တွေးမိသွားပြီး သူ့ခံစားချက်တွေ ပိုပိုပြီး ကသိကအောက်ဖြစ်လာတော့သည်။
CZYTASZ
I Become The Villain's Own Daughter 《 Myanmar translation 》
RomansThe story is not mine. It's just a translation. All credit goes to the original author.