ZawgyiChapter 119 : Makes a hornet's nest
Pei Xiubai ကဘယ်ကလိမ့်လာမှန်းမသိတဲ့ ဆေးပုလင်းကိုယူလိုက်ပြီး အလွန်တရာမှရှပ်ထွေးနေသလို ခံစားရသည်။ဖြစ်နိုင်တာက ဟိုလူဆေးယူလိုက်တုန်းက မတော်တဆပြုတ်ကျနေခဲ့တာများလား?ဒါပေမယ့် ဒါက အဓိပ္ပါယ်မရှိဘူးလေ....ထပ်ပြီးတော့ သူတို့ရှေ့တည့်တည့်ကို လိမ့်လာဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေး။
ဘာပဲဖြစ်ဖြစ်ပါ ဒီဆေးက သူအလိုအရှိဆုံးဟာဖြစ်နေတာပဲ,ဒီလိုအကြောင်းတွေ တွေးနေရမယ့် အချိန်မဟုတ်ဘူး။ဓားနဲ့ ဆေးအကူအညီနဲ့ဆိုရင် စီမံဖို့ပိုတောင် အဆင်ပြေသွားလေပြီ။ကောင်လေးကအလျှင်အမြန်ပဲ လွတ်မြောက်နိုင်ခြေရှိတဲ့ အစီစဉ်တစ်ခုကို စိတ်ထဲကဆွဲနှင့်ပြီးနေပြီ။ထို့နောက်ကလေးမလေးဖက်ကိုကြည့်လိုက်ပြီး သူနှုတ်ခမ်းပါးတွေကို ဖိကိုက်လိုက်ကာ တည်ကြည်သည့်အသံနှင့်ပြောလိုက်သည်။
"စိတ်မပူနဲ့,ပြီးရင် ငါမင်းကိုကယ်ပေးမှာပါ"
လိုလီတာလေးက သူမ၏မျက်လုံးကြီးတွေကို ပုတ်ခတ်လိုက်ပြီး ခေါင်းခါလိုက်သည်။
"ကိုကိုXiubai ဒါတွေလုပ်ဖို့မလိုတော့ဘူး။လီလီတို့ ဒီတိုင်းလေးထိုင်နေရင်ရပြီ။အကိုကြီးဆင်က လီလီတို့ကို ကယ်ဖို့လာနေပြီ။ကိုကိုXiubai ကိုအဲ့ဒီမကောင်းတဲ့ ဦးလေးကြီးကအနိုင်ကျင့်တယ်လို့ လီလီပြောလိုက်တော့ အကိုကြီးဆင်ကစိတ်တိုနေတာ"ကလေးမလေးက လက်သီးလေးတွေဆုပ်လိုက်ရင်း စိတ်တိုစွာပြောလိုက်သည်။
"အွန်း...လီလီ့လိုပဲ စိတ်ဆိုးနေတာ!လီလီပြန်သွားတဲ့အခါမှ ဖေဖေ့ကိုပြောပြီး သူတို့ကို သတ်ခိုင်းလိုက်မယ်!"
Pei Xiubai: "..."
မေ့လိုက်ပါတော့ ကလေးမလေးက ဆုမွန်ကောင်းတွေရှိပေမယ့်လည်း အပြင်ထွက်ဖို့ကတော့ သူ့ဘာသူအားကိုးမှပဲ ရတော့မယ်။လိုလီတာလေး ဒီအကြောင်းတွေးနေတာ အတော်ကြာပြီဖြစ်သည်။သူကိုကိုXiubai နဲ့ အခြားလူတွေရှေ့မှာ မန္တန်ရွတ်လို့မရဘူးဆိုပေမယ့် သူမတိုးတိုးလေးရွတ်လို့ရတယ်လေ။သူမ အကိုကြီးဆင်ကို တိရစ္ဆာန်ရုံကနေ ရွှေ့ပေးလိုက်မယ်။အကိုကြီးဆင်ရောက်လာတဲ့အချိန်ကြရင် မကောင်းတဲ့ဦးလေးတွေကို အကိုကြီးဆင်နဲ့ တက်နင်းခိုင်းပစ်မယ်!
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.