95.

3.5K 602 31
                                    

Chapter 95 : The best fish

လုကျွင်းဟန် စကားတစ်လုံးမှမပြောသလို မတုန့်ပြန်ပေ။သူ၏မျက်လုံးတွေကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်ပြီး ရှောင်လုလီ၏ အဆီဖောင်းဖောင်းမျက်နှာလေးကို ဖြူဖွေးသွယ်လျသော လက်ချောင်းများနှင့် ဆွဲညစ်လိုက်သည်။သူ့နှုတ်ခမ်းတွေကို ဖိလိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"အနာဂတ်မှာ မင်းရဲ့ အမျိုးတွေနဲ့ရှုပ်ဦးမှာလား?"

လိုလီတာလေးက သူမအဖေဘာကြောင့်စိတ်ဆိုးလဲမသိပေမယ့် အမြဲတမ်းစိတ်ဆိုးနေတယ်ဆိုတာကိုတော့ သိလေသည်။သူမအဖေကို စိတ်ဆိုးစေတာက လုံးဝမကောင်းဘူး။အဖေစိတ်ဆိုးတဲ့အချိန်တိုင်း သူမကိုလျစ်လျူရှုထားတယ်။ဒါဆိုရင် သုမအရမ်းဝမ်းနဲရလိမ့်မယ်။သူမ ဖေဖေ့ကို စိတ်မဆိုးစေချင်ဘူး။

ဒါကြောင့် ဖောင်းကားနေသည့် ပါးကလေးတွေနှင့် တလှုပ်လှုပ်မြည်အောင် ပြင်းပြင်းထန်ထန်ခေါင်းညိမ့်လေသည်။ထို့နောက် နူးညံ့သည့် အသံလေးနှင့် ကတိပေး၏။

"မနမ်းတော့ပါဘူး။အနာဂတ်မှာ လီလီဖေဖေ့တစ်ယောက်ထဲကိုပဲ နမ်းတော့မှာ!"

ချွဲစိန်လေးက ချွဲစိန်လေး ဖြစ်နေဆဲပဲ။ထိုအချိန်မှသာ အမျိုးသားထုတ်လွတ်နေသည့် အုံ့မှိုင်းနေသည့် အမူအရာက အနည်းငယ်ပြေလျော့သွားတော့သည်။

"ဒါဆို ဖေဖေကလီလီကို မစားတော့ဘူးမဟုတ်လားဟင်?"

သူမအဖေ၏ စိတ်အနေအထား နည်းနည်းပိုကောင်းမွန်လာတာကိုမြင်တော့ လိုလီတာလေးက သနားစရာမျက်နှာလေးနှင့်မေး၏။ထိုအမျိုးသားက သူမကိုကြည့်လိုက်ပြီး..
"မစားဘူး"

ကလေးမလေးက ဟုန်းကနဲတောက်ပလာပြီး အငိုရပ်လိုက်သည်။နူးညံ့သည့် အသံသေးသေးလေးက အရင်လိုတက်ကြွနေတော့သည်။

"ဖေဖေက လီလီအပေါ် အရမ်းကြင်နာတာပဲ။လီလီက ဖေဖေ့ကိုအများကြီးချစ်တယ်နော်"

စုန့်ချင်းဝမ် : "..."

ကောင်စုတ်လေးမှာ ဒီလိုအစွမ်းရှိသေးတယ်ပေါ့။ကလေးမလေးကို လွယ်လွယ်ကူကူပဲ ချော့မြူနိုင်လိုက်တယ်!အခုကလေးမလေးကို ချော့မြူပြီးသွားပြီဆိုတော့ အိမ်စေက ငါးကိုကိုင်ထားရင်း စုန့်ချင်းဝမ်နှင့် လုကျွင်းဟန်ကို ကြည့်ကာ မေးမြန်းလေသည်။

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now