100.

2.9K 507 2
                                    

😉❤

လက်ကိုက်တယ်🤧

Chapter 100:  Is crying miserably

10မိနစ်က ကုန်လွန်သွားခဲ့လေပြီ။

လုဗီလာ၌ ကမ္ဘာမြေကြီးတုန်ခါသွားလောက်သည့် ငိုသံဟာ တစ်ကြိမ်ပြီးတစ်ကြိမ်ထွက်ပေါ်နေခဲ့သည်။အဲ့ဒါက အချိန်အတော်ကြာထွက်ပေါ်နေပြီး ရပ်တန့်နိုင်စွမ်းမရှိပုံပေါ်သည်။ထိုအစား သူမငိုလေလေ အသံကပိုကျယ်လာလေလေဖြစ်ပြီး သူမပိုပြီးဆိုးဆိုးရွားရွားငိုလေလေ လူတွေကသူတို့နားကို ပိတ်ထားဖို့မစောင့်နိုင်အောင်ဖြစ်နေကြသည်။

"ဝူး~~အူး~~~အူး~~~~အူး"

ကလေးမလေးက သိုးမွေးစောင်လေးကိုခြုံကာ ကြမ်းပြင်ပေါ်မှာထိုင်ပြီး အော်ဟစ်ငိုယိုနေကာ လှပသည့်မျက်ဝန်လေးတွေကတော့ အရည်တွေဝိုင်းနေသည်။သူမက အမှိုက်ပုံးလေးကိုပိုက်ထားပြီး မျက်လုံးနီလေးနှင့် အထဲမှသစ်သီးချိုချဉ်လေးကိုကြည့်နေခဲ့သည်။မျက်ရည်တွေက တစ်ပေါက်ပြီးတစ်ပေါက်ကျလာပြီး အသက်ရှူရပ်မတပ် ငိုနေခဲ့သည်။

"ထန်ထန်,အိုး~~သမီးရဲ့သနားစရာ ထန်ထန်လေးတွေ"

ဆိုဖာပေါ်၌ လုကျွင်းဟန်ကနှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ်ဖိထားပြီး သူ၏ခန့်ညားသောမျက်နာက အနည်းငယ်အုံ့မှိုင်းနေ၏။သိသိသာသာကို ပေါက်ကွဲလုနီးပါး အစွန်းဖက်တွင်ရောက်လို့နေချေပြီ။

"လီ..လီလီ....မငို...မငိုနဲ့နော်" စုန့်ချင်းဝမ်က သူမလေးသေလောက်အောင်စိတ်ဓာတ်ကျနေတာကိုမြင်တော့ တစ်ရှူးတစ်ချို့ကိုဆွဲယူကာ သုတ်ပေးလိုက်သည်။

"ထန်ထန်တွေကုန်သွားပြီဆိုရင် အန်တီတို့ထပ်ဝယ်ကြမယ်။အန်တီက လီလီအတွက်ထပ်ဝယ်ပေးမယ်နော်။အန်တီတို့ အခု၁၀၀လောက်ဝယ်ကြမယ်လေ မငိုနဲ့တော့နော်"

ကလေးမလေးက နားမထောင်နိုင်လောက်အောင် အမှိုက်ပုံးလေးနဲ့ငိုနေဆဲဖြစ်ပြီး ငိုထားတာကြောင့် မျက်လုံးနှင့် နှာခေါင်းထိပ်လေးက နီရဲနေကာ အလွန်သနားစရာကောင်းနေခဲ့သည်။သူမ၏ဝိဥာဉ်ပျောက်ဆုံးနေသလိုမျိုး ငိုရင်းသာရေရွတ်နေခဲ့သည်။

I Become The Villain's Own Daughter 《 Myanmar translation 》Onde histórias criam vida. Descubra agora