Chapter 79 :Kicks up
Chen Susu ၏ နူးညံ့သောမျက်နှာလေးမှာ ယခုအချိန်၌ ရုပ်ဆိုးအကျဉ်းတန်လွန်း၍နေသည်။သူမ၏ နီရဲနေသော မျက်လုံးတွေက သူ့ကိုမုန်းတီးစွာဖြင့်ကြည့်နေ၏။
"ဒီနေရာကနေထွက်သွား...သစ္စာဖောက်ကောင်!ငါတို့နဲ့ ဘာလုပ်စရာကျန်နေသေးလို့လဲ!!...."
Lu Qi ကသူ့လက်မှနာကျင်မှုကို သည်းခံထားရင်း မျက်ဝန်းထဲတွင်တော့ အရည်လေးတွေဝိုင်းနေတော့သည်။
《 အော် Lu Qi ကလေ လုချီ လဲဖြစ်နိုင်တယ် လုချီးလဲဖြစ်နိုင်တယ် ဘယ်တစ်ခု ပိုအဆင်ပြေလဲဟင် ချီချီ or ချီးချီး? 》
သူ၏နာကျင်နေတဲ့ခန္ဓာကိုယ်လေးကို ဘောလုံးလေးလိုကွေးထားရင်း တိုးတိုးလေးရှိုက်ငိုနေလေသည်။
"မေမေ,သားမလုပ်...."
"ငါ မင်းအမေမဟုတ်ဘူး!မင်းလည်း ငါ့သားမဟုတ်ဘူး!ငါ့မှာ မင်းလိုသားမျိုးမရှိဘူး...."
သူမဒီနေ့အတွက် ဒေါသတွေအများကြီးကို ရင်ထဲမှာမျိုသိပ်ထားခဲ့ရသည်။သူမ လုချီရဲ့ တမင်တကာဆွပေးနေတဲ့ လုပ်ရပ်ကိုမြင်တိုင်း ပိုပိုပြီးဒေါသထွက်လာရတာကြောင့် နှာမှုတ်လိုက်သည်။
"အခု ငါတို့ကိုဒီလိုပုံနဲ့ တွေ့ရတော့ မင်းကျေနပ်ပြီလားဟမ်...မင်းကိုအရမ်းသဘောကျတဲ့ ညီမလေး လုလီနဲ့ မင်းကလုကျွင်းဟန်ရဲ့ သားသွားလုပ်သင့်တာ!ဒီနေရာမှာ ငါတို့ကိုရှာပြီး ဘာလုပ်မှာလဲ?ထွက်သွားစမ်း!!"
(ကဲ အနာဂတ်လုချီ ဇနီးလေးများအဖွဲ့ ဓားဆွဲပြီး Peachနောက်လိုက်ခဲ့ကြ )
"မေမေ~"
သခင်ငယ်လေးက မြေပြင်ပေါ်မှကြိုးစားထလိုက်ပြီး သူမ၏လက်ကိုဆွဲထားချင်ခဲ့သည်။ထို့နောက် သူကငိုနေသော အသံလေးနှင့်....
"မေမေ,သားမှားသွားပါတယ်။မေမေက သားကိုမလိုချင်တော့ဘူးလားဟင်...."
Chen Susu က အားကိုထိန်ချန်ထားခြင်းမရှိဘဲ သူ့ကိုနောက်တစ်ခေါက် ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်လိုက်သည်။လုချီကို သူမ၏ရန်သူကဲ့သို့ ဆက်ဆံနေပြီး စူးရှစွာနှင့် အကြိမ်အနည်းငယ်အော်နေခဲ့၏။
ESTÁS LEYENDO
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.