Chapter 83 : Older and younger
Lu Qi : "..."
? ? ?
အဖိုးသူ့ကို မနက်အစောကြီးမှာလာနိုးတာက သူ့ကိုရေကစားခိုင်းဖို့ အတွက်လား?အဖိုးဘာအတွက်ဒီလိုလုပ်ရက်ရတာလဲ?ဒါပေမယ့် ထိုစကားတွေကို ပြန်မြိုချလိုက်ပြီး ကမ်းစပ်နားလေးမှာ အချိန်အတော်ကြာအောင် ဆောင့်ကြောင့်လေးထိုင်နေရတော့သည်။ဒီလိုအနေအထားတိုင်းထိုင်နေရတာ သူခြေထောက်တွေလည်း ထုံကျင်နေပြီး လက်တွေလည်း အေးစက်လို့နေပြီ။သူက လည်ပင်းဖြူဖြူလေးကိုစောင်းကာ စိတ်ရှည်စွာဖြင့် မေးလိုက်သည်။
"ဖိုးဖိုး , ဒီလောက်ဆိုရပြီလားဟင်"
"မဆူညံနဲ့" လူအိုကြီးက ကမ်းစပ်နားမှာထိုင်ကာ လက်ထဲတွင် ငါးမျှားတံကိုကိုင်ထားပြီး အာရုံစိုက်၍ငါးမျှားနေ၏။ထို့နောက် သူ့ကိုရက်ရက်စက်စက်စိုက်ကြည့်လိုက်ရင်း...
"တကယ်လို့ ငါ့ငါးတွေမင်းကြောင့် လန့်ပြေးသွားရင် မင်းငါနဲ့ပြီးမယ်မထင်နဲ့"
လုချီ : "..."
သူ့အဖိုးတစ်ယောက် ယုံကြည်ကိုးကွယ်မှု တစ်ခုခုကိုများ အရူးအမူးစွဲလမ်းနေသလားဆိုတာကို လုချီသံသယဝင်လာမိသည်။ဥပမာ...ငါးမမျှားခင် ကလေးတစ်ယောက်ရဲ့လက်ကိုအသုံးပြုပြီး တစ်ခုခုကို ယဇ်ပူဇော်ရမယ်တို့ဘာတို့.....
သူ့ကိုရေကစားခိုင်းတာက ကာဗာသက်သက်ဖြစ်ပြီး နောက်မှရေထဲက တစ်ခုခုကသူ့လက်ကို ကိုက်သွားမှာများလား?လုချီက အိမ်တော်ဟောင်းကို မကြာခနလာလေ့ရှိတာကြောင့် သူ့အဖိုးက ငါးမျှားခြင်းကို ငယ်ရွယ်စဉ်ကထဲက နှစ်သက်ခဲ့တာဖြစ်ကြောင်း သိထားလေတယ်။သူ့ရည်ရွယ်ချက်ကို ရောက်နိုင်သ၍ ဘယ်လိုရူးသွပ်မှုမျိုးကိုမဆို သူလုပ်နိုင်သည်။သူ့ကိုယဇ်ပူဇော်လိုက်မယ်ဆိုရင်တောင် ဒါကသာမန်ပါပဲ။ဒါပေမယ့် ကောင်လေးကနောက်တစ်ကြိမ်ပြန် စဉ်းစားပြန်တယ်။အမြဲတမ်းလိုလို သူ့အဖိုးက ညှိနှိုင်းမရ သွေးအေးလူသားဆိုပေမယ့်လည်း ကလေးကိုအသုံးချမယ့် ဒီလိုအတိုင်းအတာထိတော့ ကတိုက်ကရိုက်ကြီးမလုပ်လောက်ပါဘူး....

YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.