Chapter 27:Declare war with the old man
မန်နေဂျာချန်နှင့် ဒုဥက္ကဌလျုံ့တို့ လုအိမ်တော်မှထွက်သွားပြီးနောက် ကိုယ်ရံတော်က အောင့်မထားနိုင်တော့ဘဲ လာပြောတော့သည်။
"ချန်ကျူး မင်းသတိထားမိလား။သခင်လေးကို ကြည့်ရတာ အများကြီးပြောင်းလဲသွားတယ်။ပြီးတော့ သူ့အပြုအမူတွေက အရင်ကလောက် မပြင်းထန်တော့ဘူး"
ဈေးကွက်ထဲတွင် ဥပဒေမဲ့တာက ကောင်းတဲ့အရာဖြစ်ပေမယ့် အလွန်အကျွန်ဖြစ်သွားရင်တော့ မကောင်းနိုင်တော့ပေ။
လက်ထောက်ချန်က သူထက်ပို၍ ရှင်းလင်းစွာမြင်နိုင်သည်။
"သခင်လေးပြောင်းလဲသွားတာက ကောင်းတဲ့အရာပဲ။သခင်မလေးကိုကျေးဇူးတင်ရမယ်။အတိတ်မှာတုန်းက သခင်လေးက စက်ရုပ်လိုပဲ အေးစက်နေပြီး အရာအားလုံးကို လျစ်လျူရှုထားတယ်။အခု သခင်မလေးပေါ်လာတော့ သခင်လေးက ပိုပြီး လူသားဆန်လာပြီ"
လုလီအကြောင်းပြောတော့မှပဲ ကိုယ်ရံတော်က သူမလေး ဓားကိုကိုင်ပြီး တစ်ယောက်ယောက်ကို တိုက်ခိုက်မလို့ လုပ်နေတဲ့ဖြစ်ရပ်လေးကို ပြန်တွေးမိပြီး ရယ်မိသွားသည်။
"သခင်မလေးက တကယ့်ပဲ သခင်လေးရဲ့ သမီးဖြစ်ဖို့ ထိုက်တန်တယ်။သူမလေးနူးညံ့တာမှ အချိန်မရွေးငိုတော့မလိုပဲ။သူမရဲ့ စရိုက်က သခင်လေးလိုပဲ သန်မာမယ်လို့ ငါမထင်ထားဘူး!!"
ပြောပြီးနောက် လက်ထောက်ချန်၏ အသံမကြားရတာကြောင့်လှည့်ကြည့်လိုက်တော့ သူက ဖုန်းကို ကြည့်နေခဲ့သည်။အဲ့ဒီပေါ်မှာ ပုံအချို့ရှိနေပြီး အားလုံးက မန်နေဂျာနှင့် ဒုဥက္ကဌတို့၏ ကြမ်းပြင်တွင် ဒူးထောက်နေခဲ့သည့် အရှက်ရစရာပုံတွေဖြစ်သည်။
လက်ထောက်ချန်က ပုံတွေအားလုံးကို နံပါတ်စိမ်းတစ်ခုသို့ ပို့လိုက်သည်။
ကိုယ်ရံတော်: "မင်း ဒါက ......"
"လူအိုကြီးက သူ့လူတွေကို ပစ္စည်းခိုးဖို့ လွတ်လိုက်တယ်။သဘာဝကျစွာပဲ ငါတို့ကလည်းပြန်တိုက်ခိုက်ရမှာပေါ့။ငါတို့နဲ့ သခင်လေးက သေဖို့ကိုပဲထိုင်စောင့်နေမယ့် လူတွေမဟုတ်ဘူး"
DU LIEST GERADE
I Become The Villain's Own Daughter 《 Myanmar translation 》
RomantikThe story is not mine. It's just a translation. All credit goes to the original author.