37.

4.8K 853 9
                                    

Chapter 37 :Brother's cat

ကြောင်ရဲ့ ထူးဆန်းသည့် တုန့်ပြန်မှုကိုတွေ့လိုက်တာနဲ့ ဘိုးဘေးလေးရောက်လာပြီဆိုတာကို ရွှီးစီယဲ့သိလိုက်သည်။

သူဘာမှမစဉ်းစားနိုင်ဘဲ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး အဖြူရောင်ကြောင်နှင့် ဝေးနိုင်သမျှဝေးအောင် နေလိုက်သည်။သူကြောက်တာက နတ်ဆိုးလေးကသူ့ကြောင့်ကို တစ်ခုခုလုပ်ထားတယ်ဆိုပြီး အထင်လွဲသွားမှာကို ဖြစ်သည်။ထိုအချိန်တွင် သေးငယ်သည့်ပုံရိပ်လေးက သူ့ထက်အရင် အပြင်ဖက်ကိုပြေးထွက်သွားခဲ့သည်။

Ponytail လေးနှင့် နူးညံ့သည့် ကလေးမလေးက သူမ၏ခြေထောက်တိုတိုလေးတွေနှင့် ကြောင်ရှိရာလားရာအတိုင်း တည့်မတ်စွာပြေးထွက်သွားခဲ့သည်။ကြောင်လေးက တံခါးအပြင်ဖက်ကို ပြေးထွက်သွားတာမြင်တော့ သူမ၏သိမ့်မွေ့သည့် မျက်ခုံးလေးတွေက စိတ်ပူစွာတွန့်ချိုးသွားသည်။

"မီးမီး,လျှောက်မပြေးနဲ့။အပြင်ဖက်မှာ အန္တရာယ်များတယ်"

ရွှီးစီယဲ့ ဒါကိုမြင်တဲ့အခါ သူ့နှလုံးက တုန်လှုပ်သွားပြီး ကြောက်လွန်းလို့ ဝိဥာဉ်တောင်ထွက်သွားပြီလို့ ထင်လိုက်သည်။

"လီလီ,ပြန်လာခဲ့။အဲ့ဒါနောက်ကို မလိုက်နဲ့တော့!!"

သူရှေ့တိုးသွားလိုက်ပြီး ကလေးမလေးကို ပြန်ဆွဲထားဖို့လုပ်ပေမယ့် သူမကတံခါးနှင့် တော်တော်ဝေးဝေးကို ရောက်နှင့်နေပြီဖြစ်ပြီး နောက်ကျသွားလေပြီ။

နောက်တစ်ခနတွင် သူမကြောင်လေးကို ပြန်ရှာတွေ့လိုက်ပြီး အဲ့တာက တံခါးဆီသို့ကြည့်ကာ အကြိမ်အနည်းငယ်လောက်အော်လိုက်၍ ပျော်ရွှင်စွာနှင့် ခုန်ရန်ပြင်လိုက်သည်။

သို့သော်လည်း လမ်းတစ်ဝက်မှာတင် သူ့နောက်ကို လိုက်လာခဲ့သည့် ကလေးမလေး၏ လက်ထဲသို့ ပွေ့ဖက်ထားခြင်းကို ခံလိုက်ရသည်။လိုလီလေးက သူမမျက်လုံးကြီးတွေကို ပင့်လိုက်ပြီး အပြင်ဖက်တွင်တစ်စုံတစ်ယောက်ရှိနေလားလို့ကြည့်လိုက်သည်။

ထိုနေရာတွင် လူတွေအများကြီးရှိနေခဲ့သည်။အနက်ရောင်ကိုယ်ရံတော်တွေက ဆံပင်အနက်ရောင်နှင့် ဆယ်ကျော်သက်လေးကို ဝန်းရံထားသည်။ကောင်လေးက ဝှီးချဲပေါ်တွင်ထိုင်နေပြီး ရှည်လျားကာပိန်ပါးသည်။သူ၏နူးညံ့ပြီး ဖျော့တော့သည့်မျက်နှာက လှပပြီးဖြူဖျော့လွန်းလို့ သရဲတစေနှင့်ပင် တူနေသည်။သူ၏လက်ချောင်းတွေက ကျက်သရေရှိပြီး ခန္ဓာကိုယ်က အထက်တန်းကျသည့်အရှိန်အဝါတွေကို ထုတ်လွတ်နေသည်။

I Become The Villain's Own Daughter 《 Myanmar translation 》Donde viven las historias. Descúbrelo ahora