50.

4.4K 744 22
                                    

😱Sorry ဘာဘီတို့ရေ ကိုယ်မျက်စိလျှမ်းသွားတယ် sorry ပါနော်🤭🤭Aww.....ပြီးတော့လေ ကိုယ် blလေးအသစ်တစ်ပုဒ်တင်ထားတယ် အားပေးကြဦးနော် Lv u ❣

Chapter 50 : Father's Eccentricity (4)

Liu Huilan ကဒီလိုပြောလိုက်သော်လည်း သူမ၏နှလုံးသားက နှစ်မြုပ်နေပြီဖြစ်သည်။လူအိုကြီးတွင် ရှိတာကမှရှယ်ယာ 19%ဖြစ်ပြီး တစ်ခါတည်း 5%ပေးလိုက်မယ်ဆိုရင်....

သူမသားကရော?....ပြီးတော့ သူမမြေးလေး.....

ဘာလို့ လုကျွင်းဟန်က တစ်ညထဲနေရုံနဲ့ ဒီလောက်အများကြီးရပြီး သူမ၏မြေး Lu Tianhua ကတော့ ဘာမှမရတာလဲ?

ဒါက မညီမျှဘူး!

လုကျွင်းဟန်က ရပ်လိုက်ပြီး သူ့ခေါင်းကိုမော့ကာအဖိုးဖြစ်သူကိုကြည့်ပြီး အေးစက်စွာပြောသည်။

"7%"

"...."

လူအိုကြီးက ဒေါသထွက်လာပြီး ကော်ဖီခွက်ကို စားပွဲပေါ်သို့ လေးလံစွာချလိုက်သည်။

"5%က ငါ့ရဲ့အကြီးမားဆုံးညှိနှိုင်းမှုပဲ ,ကောင်စုတ်လေး လောဘအရမ်းမကြီးစမ်းနဲ့!!"

လုကျွင်းဟန်၏ အမူအရာကလုံးဝပြောင်းမသွားပေ။

"8%"

"မင်း!!"လူအိုကြီး၏ မျက်နှာက နီရဲနေပြီဖြစ်သည်။

"9%"

လူအိုကြီးက သွားကိုကြိတ်လိုက်ပြီး ပြောသည်။
"Ok ,7%ပဲ မင်းအဖေနဲ့တစ်ပုံစံထဲ အချိုးကိုက......."

"9%"လုကျွင်းဟန်က မျက်ခုံးကို အသာပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောသည်။

"ထပ်ပြီး မညှိနှိုင်းတော့ဘူး!"

"..."လူအိုကြီးက အသက်ပြင်းပြင်းရှူလိုက်ပြီး သူကိုကြည့်ကာ မကြာခင်စိတ်ဆိုးတော့မည့်ပုံပေါ်သည်။သို့သော်လည်း နောက်ဆုံးတွင် အကူညီမဲ့စွာနှင့် လက်ကိုခါရမ်းလိုက်ပြီး နက်ရှိုင်းစွာပြောသည်။

"ကောင်းပြီ မင်းနိုင်ပါတယ်။ဒါပေမယ့် မင်းငါရဲ့မြစ်ကလေးကိုတော့ပြရမယ်။သူက မင်းရဲ့ပထမဆုံးကလေးလေ...."

လုကျွင်းဟန်၏ လက်တွေကတင်းကျပ်သွားသည်။ဒါသူတို့ရဲ့ အထက်စီးဆန်လွန်းတဲ့ အဘိုးကောဟုတ်သေးရဲ့လား?ဘယ်လိုဖြစ်လို့....လုကျွင်းဟန်က မသိလိုက်ဘဲ စုန့်ချင်းဝမ်ရှိရာဖက်သို့ကြည့်လိုက်မိသည်။စုန့်ချင်းဝမ်၏ မျက်လုံးတွေဖော်ပြနေတာကတော့ တကယ်ကြီးအဆင်ပြေသွားတယ်???

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now