Chapter 122 : Go out and shake
ဒီစကားလုံးတွေထွက်လာတာနဲ့တစ်ပြိုင်နက် စပ်ဆုပ်ဖွယ်လူ၏ မျက်လုံးတွေက ပြင်းပြင်းထန်ထန်ကိုပြူးကျယ်လာပြီး မျက်နှာကထိတ်လန့်မှုတွေကိုတောင် မထိန်းထားနိုင်တော့ပေ။
"မင်း!မင်းဘယ်လို....."
သူတို့တွေဒီလိုအလုပ်လုပ်တာဖြစ်သလို သူတို့ရဲ့အထောက်အထားတွေကလည်း လျို့ဝှက်ချက်တစ်ခုဖြစ်သည်။ညင်သာတဲ့လူ၏ မျက်နှာကတင်းသွားပြီး ခေါင်းကိုလှည့်ကာ အေးစက်စက်အော်ထည့်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း အရူးကောင်!သူမင်းအကြောင်းပြောနေတာကို မကြားဘူးလား?!"
စပ်ဆုတ်ဖွယ်လူက ပါးစပ်ပိတ်ထားလိုက်ပေမယ့် မနေနိုင်စွာဖြင့် တီးတိုးရေရွတ်နေ၏။
"မဟုတ်ဘူး,ဒါမဖြစ်နိုင်ဘူး။ငါ့ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ပြောပြဖူးတာမျိုးမှမရှိတာ ,သူ ဘယ်လိုလုပ်သိနိုင်တာလဲ?.."
ဒီလူငယ်လေးက ကောလဟာလတွေထဲကလို တကယ်ပဲ စွမ်းအားကြီးတာလား,ဘယ်လောက်တောင် မှော်ဆန်လိုက်သလဲ?ဒါဆို သူတို့အခုသူ့ကို ဆန့်ကျင်မိထားတယ်ဆိုတော့ မဟုတ်မလွဲရော...စပ်ဆုတ်ဖွယ်လူက ပြင်းပြင်းထန်ထန် တုန်ရီသွားလေသည်။ဒါမှမဟုတ် သူတို့သူ့ကိုဘာမှမှ မလုပ်ရသေးတာ ပြီးရင်လွတ်ပေးလိုက်ရင်ရော...
"ငပိန်ရဲ့ ဖုန်းကသူ့ဆီမှာလေ!သေချာပေါက်သူသိနိုင်တာပေါ့!"
အဖြစ်မရှိတဲ့လူကြီး : "!"
ညင်သာတဲ့လူက သူဘာတွေးနေသလဲဆိုတာသိပြီး အေးစက်နေတဲ့ အသံအနေအထားနှင့် ပြောလာခဲ့သည်။
"ငါတို့ရဲ့ သတင်းအချက်အလက် အားလုံးအပါအဝင် အလိုရှိစာရင်းကိုရော သူဖတ်ပြီးလောက်ပြီ။ဒါကြောင့် သူ့ကိုအလွတ်ပေးလို့ လုံးဝမဖြစ်ဘူး!"
ပြောပြီးတာနဲ့ ညင်သာသည့်လူက ဂရုမစိုက်တော့ဘဲ သူ၏မျက်လုံးထဲတွင် ပြင်းထန်လှသည့် သတ်ဖြတ်ချင်စိတ်က ဖြတ်သန်းသွားခဲ့သည်။ဒီလိုတိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ကောင်လေးကသူ့အကိုကို စကားလုံးအနည်းငယ်လောက်နဲ့ ဦးနှောက်ကျင်းပစ်လိုက်တဲ့အပြင် သူ့အကိုကလည်း လိုလိုချင်ချင်နဲ့ သူ့ကိုလွတ်ပေးချင်နေသေးတယ်!ဒီလို အန္တရာယ်များလောက်အောင် IQမြင့်မားမှုက လူတွေရဲ့နှလုံးသားကို အလွယ်တကူ လှုံ့ဆော်နိုင်ကာ တကယ်ကိုမထိန်းချုပ်နိုင်လောက်စရာပင်!
KAMU SEDANG MEMBACA
I Become The Villain's Own Daughter 《 Myanmar translation 》
RomansaThe story is not mine. It's just a translation. All credit goes to the original author.