126

2.3K 330 12
                                    

Chapter 126 : Where are you now

တစ်နေရာမှာ စုန့်ချင်းဝမ်ကတော့ တစ်စုံတစ်ယောက်ကို ရူးလောက်အောင် ရှာဖွေနေပါတယ်။ဧရိယာက ကျယ်ပြောလှပြီး နေရာတစ်ကာ တောင်ထိပ်တွေကလည်း ရှိနေကာ လိုင်းကလည်းမကောင်းသလို ကိုယ်ရံတော်တွေကလည်း လမ်းကိုမမှတ်မိသေးချေ။

သူတို့တောင်နှစ်လုံးကို ရှာလို့မပြီးသေးခင်မှာပဲ အချိန်နာရီဝက်က ကုန်ဆုံးလို့သွားချေပြီ။စုန့်ချင်းဝမ်က ကသိကအောက်ဖြစ်စွာနဲ့ သူမဆံပင်တွေကို ဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အကူညီမဲ့စွာနဲ့ သူမကိုယ်သူမ အပြစ်တင်နေမိသည်။


"လီလီအပေါ်ယုံကြည်မှုရှိရမယ်ဆိုတာ ငါသိပါတယ်...သိတယ်ဆိုပေမယ့်...."


ထိုအချိန်၌ လူအိုကြီးကရောက်လာပြီး ဒီစကားတွေကြားတော့ ခေါင်းကိုလှည့်ကာ စွပ်စွဲတော့သည်။

"ငါပြောသားပဲ ကလေးမကိုငါနဲ့ ငါးမျှားဖို့ ထည့်ပေးလိုက်ပါဆိုတာကို မင်းတို့က သဘောမတူဘူးလေ!ခုတော့ ကောင်းရော မင်းတို့က ဘာမှမဖြစ်ပေမယ့် တကယ်ပဲ ငါ့ကိုစိတ်ဆိုးစေတယ်!"

စုန့်ချင်းဝမ် : "..."

အခုချိန်ထိ အဖေ့ရဲ့ငါးတွေကို တွေးနိုင်သေးတယ်လား?စုန့်ချင်းဝမ်က မျက်လုံးတွေကိုပိတ်လိုက်ပြီး အခုလီလီ့ကိုရှာဖို့က ပထမဆိုတာကို  သူ့ကိုအဖက်လုပ်ပြီးပြောဖို့ရာ ပျင်းနေလေသည်။လုကျွင်းဟန်၏ မျက်လုံးတွေက စူးရှနေကာ မျက်နှာမှာအေးစက်လို့နေ၏။သူမနဲ့လူအိုကြီးကြားရှိ စကားဝိုင်းကို ပါဝင်ခြင်းမရှိဘဲ နယ်မြေဖြန့်ပြီးရှာဖို့ရန် လေယာဉ်အချို့ပို့ပေးဖို့သာ လက်အောက်ငယ်သားတွေကို ညွှန်ကြားလို့နေသည်။

"ဟယ်လို..ခင်ဗျားဒီဖက်ကိုပြေးလာတဲ့ ဆင်ကိုများ တွေ့မိလား?"

ရုတ်တရက် ဆင်ထိန်းက အလျှင်စလိုပြေးလာပြီးမေးသည်။
"ကျွန်တော် အိမ်သာလေးခနသွားလိုက်တာကို ဥယျာဉ်ထဲက ဆင်ကမရှိတော့ဘူး!"

သူရှင်းရှင်းလင်းလင်း မှတ်မိတာက အိမ်သာမသွားခင် သံကြိုးနဲ့ ဆင်ကိုချည်ပြီး ကြိုးကိုနံရံမှာချိတ်ထားခဲ့တာပါ။ဘာလို့ ဆင်က ရုတ်တရက်ကြီးပျောက်သွားရတာလဲ?ဒါက တကယ့်ကို ထိန်းမနိုင်လောက်တဲ့ဆူပူမှုကြီးပဲ။ကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတာ အသာထား ဒီလောက်ကြီးတဲ့ဆင်ကြီးကို အကောင်လိုက်ကြီးပျောက်သွားစရာလား?


I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now