☆Peach အသစ်လေးတင်ထားတယ် အဲ့တာပြန်တဲ့လူရှိပြီးသားလားဆိုတာလေး ပြောပြပေးကြပါဦးနော်
Chapter 97: Tangtang is gone
"အခုထိ မရွေးရသေးဘူး,မှတ်တမ်းက ခုလေးတင်ရောက်လာတာပြီးတော့ မူကြိုရွေးဖို့က..."စုန့်ချင်းဝမ်က ပြောလေသည်။
"ဒါက ဘာတွေများခက်ခဲနေလို့လဲ" လူအိုကြီးက စိုက်ကြည့်နေရင်း သူ့လက်တွေကို ယမ်းလိုက်သည်။
"ငါတို့ရဲ့ မြို့တော်မူကြိုက Haicheng မှာအကောင်းဆုံးပဲ ,အပြင်လောကနဲ့လည်း ကင်းပြီး လုံးဝပုံသွင်းပေး...."
"အဖေ,အဖေ" စုန့်ချင်းဝမ်က အလျင်အမြန်တားလိုက်ပြီး မေးသည်။
"လီလီက မိန်းမငယ်လေးတစ်ယောက်လေ။ပြီးတော့ သူမအသက်ဒီလောက် ငယ်သေးတာ အဖေသူ့ကို ပုံစံသွင်းမလို့တော့ မဟုတ်ပါဘူးနော်?"
"မင်းဘာသိလို့လဲ,ကောင်မစုတ်လေးရဲ့!" လူအိုကြီး၏ မှော်ဆန်ပြီးတည်ငြိမ်သော မျက်နှာက လေးနက်နေပြီး သူ့စကားတွေက ပိုလို့တောင် စွမ်းအင်တွေပြည့်နေသည်။
"ဒါကြောင့် ငါသူမကို ကလေးအရွယ်ထဲကပို့ထားချင်တာ။ငါအဲ့ဒီမှာ ၈နှစ် ၁၀နှစ်လောက်နေလိုက်တာ ငါထွက်လာတော့ ရာထူးမြင့်မြင့်ရတယ်။အလုပ်တစ်ခုရှာဖို့ စိတ်မပူရဘူး။ပြီးတော့ ငါလည်းရှိနေတော့ သူမကို ဂရုစိုက်ပေးလို့ရတယ်။နောက်ပြီး သူမဒီလောက်ငါးဖမ်းတော်တာ ဒီလိုစွမ်းရည်မျိုးကို မဖြုန်းတီးသင့်ဘူး!"
စုန့်ချင်းဝမ် : "..."
ပွင့်ပွင့်လင်းလင်းပြောရရင်, အဖေက လီလီ့ကိုလက်ဝါးကြီးအုပ်ချင်နေတာ! ဒါမှသူမအဖေ့ကို အဖော်ပြုပြီး နေ့တိုင်း ငါးမျှားနိုင်အောင်လို့ မဟုတ်လား?သူမသိသားပဲ။ဒီအကျင့်မကောင်းတဲ့ အဖေအိုကြီးက ဒီလောက်ကြင်နာပြီး လွယ်ကူမနေဘူးလို့!
ဒါပေမယ့် လူအိုကြီး ပြောတာလည်းမှန်လေသည်။အဲ့ဒီမူကြိုမှာဆိုရင် ကလေးအများစုက စစ်တပ်မိသားစုကဖြစ်ပြီး အနာဂတ်မှာလည်း သင့်လျော်တဲ့ ရာထူးတွေရှိလာလိမ့်မယ်။အထူးသဖြင့် လူအိုကြီးက ဒီနယ်ပယ်မှာ အဆက်အသွယ်ကျယ်ပြန့်တာကြောင့် လီလီဘယ်တော့မှ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။ဒါပေမယ့်....
ESTÁS LEYENDO
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.