22.

5.1K 1.1K 32
                                    

Chapter 22

အိမ်စေက ဒါကိုမြင်တော့ သူ့နှလုံးသားက တုန်လှုပ်နေပြီး ကြောက်လန့်လွန်းလို့ နောက်ကျောတွင် ချွေးအေးများစီးကျနေပြီ။

အိမ်စေထင်လိုက်တာက သခင်လေးကစိတ်ဆိုးပြီး  နာခံမှု မရှိတဲ့ ကလေးကို ထွက်သွားခိုင်းမယ်လို့ပေါ့။ဒါပေမယ့် လုကျွင်းဟန်က သူ့စိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အသံနက်နက်နဲ့ နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။

"စကားနားထောင်ပြီး သွားအိပ်တော့။ငါက နောက်ကျတဲ့အထိ အလုပ်လုပ်ရဦးမှာ မင်းကိုခေါ်သွားလို့မရဘူး"

လိုလီလေးက ခေါင်းငုံ့သွားပြီးနှုတ်ခမ်းလေးတွေက ဘဲပေါက်လေးလိုဆူနေသည်။

"ကောင်းပြီလေ။ဒါပေမယ့်ဖေဖေက မြန်မြန်ပြန်လာရမယ်နော်။လီလီက ဖေဖေနဲ့ တူတူအိပ်ချင်တာ"

လုကျွင်းဟန်က အလုပ်လုပ်ဖို့ အလျင်လိုနေတာကြောင့် သူမရဲ့ စကားကို သတိမပြုမိလိုက်ပေ။နာရီကိုငုံ့ကြည့်နေရင်း သူ့ခေါင်းကို မမော့ဘဲ ပြောလိုက်သည်။

"အင်း"

သူသဘောတူလိုက်တာကိုမြင်တော့ ကလေးမလေးက ချက်ချင်းကို ပျော်ရွှင်သွားပြီး သူသတိမထားမိတဲ့အချိန်မှာ ပါးကို အနမ်းတစ်ပွင့်ပေးလိုက်သည်။

ထိုလူက ဆွံအသွားပြီး မျက်နှာပေါ်တွင် ဘာအမူအရာမှမမြင်ရပေ။လိုလီလေးက ကိုယ်ရည်ရွယ်ချက်ကိုယ် နားလည်တဲ့သူဖြစ်သည်။နမ်းပြီးတာနှင့် သေလောက်အောင် အရိုက်ခံရမှာကိုကြောက်တာကြောင့် အပေါ်ထပ်ကိုပြေးတက်သွားပြီး ပျော်ရွှင်စွာနှင့်ပြောသည်။

"သမီးရဲ့ကံကောင်းခြင်းတွေကို ဖေဖေ့ကိုပေးလိုက်ပြီ။စောစောပြန်လာဖို့ သတိရနော်"

နူးညံ့ပြီးနွေးထွေးတဲ့ အထိအတွေ့လေးက သူ့ပါးပေါ်မှာရှိနေခဲ့သည်။အဲ့ဒီနားမှာ နို့နံလေးက အကြာကြီးရှိနေသည် လို့တောင် ထင်ရသည်။

ဒါက သူမပြောတဲ့ ကံကောင်းခြင်းဆိုတာလား။ကလေးမလေး၏ ခုန်ဆွခုန်ဆွနှင့် အပေါ်ထပ်ကိုပြေးတက်သွားသည့် နောက်ကျောလေးကို ရပ်ကြည့်ကာ သူ့နှုတ်ခမ်းလေးက အပေါ်ဖက်ကိုကွေးသွားသည်။

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now